ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

၁။      နေပြည်တော်၊   ဇေယျာသီရိခရိုင်၊   ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ၂၁ လမ်းထောင့်၊ အိမ်အမှတ်(၂၆၁)တွင် ပါတီရုံးချုပ် တည်ရှိသော ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေး ပါတီ (Union Development Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ်  မှတ်ပုံတင်ခွင့်ပြုရန် ၁၉-၅-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။      ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း   ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်