မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲ ပြုလုပ်

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၄

            မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို မေ ၂၃ ရက် နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဧည့်ခန်းမ၌ ပြုလုပ်ရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။

            ထို့နောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် စေတနာရှင် အလှူရှင်များက အလှူငွေကျပ်သိန်းပေါင်း ၉၁,၀၅၃,၀၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယတိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။