မိုင်းဖြတ်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မိုင်းဖြတ်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၄

        တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူစစ်အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး ကုသရေးအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းလင်း(အရှေ့) ကျေးရွာအုပ်၊ လွန်းကျိုင်းကျေးရွာ၊ ဝိန်းလန်းကျေးရွာနှင့် ဝမ်ဟကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၁၃၄ ဦးတို့အား  မိုင်းလင်း(အရှေ့)ကျေးရွာအုပ်ရှိ အခြေခံပညာ မူလတန်း ကျောင်း(ဖကန်)၌ အခြေပြု၍လည်းကောင်း၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လက်ပံ ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၉၉ ဦးတို့အား အဆိုပါကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၌ အခြေပြု၍လည်းကောင်း ဖျားနာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသပေးခြင်းများ ဆောင်ရွက်ခြင်း၊ ECG စက်ဖြင့် နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေးပေးခြင်း၊ တီဗွီဓာတ်မှန်ရိုက် ကူး၍ ရောဂါရှာဖွေပေးခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ရန်လို အပ်သောလူနာများအား နယ်မြေခံတပ် မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့အပြင် ကိုဗစ်-ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံ ရန်လိုအပ်သည့် ဒေသခံပြည်သူ ၄၅ ဦးတို့အား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။