အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ - ၂၄

          အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ (၂၈)ကြိမ်မြောက် တိုင်းမှူး ဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊  မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် တိုင်းစစ်ဌာနချုပ်(စခန်းရုံး) အသင်းနှင့် မုံရွာတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် မေ ၂၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။