နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေးဖြည့်ဆည်းဆောင်ရွက်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေးဖြည့်ဆည်းဆောင်ရွက်ပေး

စစ်တွေ   မေ  ၂၄  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည်  ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည် ထူထောင်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေး ရှေ့လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ ဌာန ဆိုင်ရာများနှင့် မြို့မိမြို့ဖများက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်အား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ ပုံမှန်အခြေအနေပြန်လည်ရောက် ရှိအောင်ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်း အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက် များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ဒေသများ၏ ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးအနက်ထားပြီး  ပြည်ထောင်စုအဆင့် အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်နေမှု၊ လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ဖြန့်ခွဲနိုင်မည့် အခြေအနေ၊ ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက် ရေးနှင့် မုန်တိုင်းအလွန်ကာလတွင် မူလအခြေအနေအထက် ပိုမိုကောင်းမွန်သည့် အနေအထားဖြစ် အောင် မျှော်မှန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက  မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၁၈ မြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်မှ အရာရှိကြီးများ တာဝန်ပေးစေလွှတ်ထားကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပျက်စီးမှုအနည်းအများနှင့် ဦစားပေးဆောင်ရွက်ရမည့်အစီအစဉ်အတိုင်း ထောက်ပံ့မှုနှင့်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးပိုင်းနှင့် ပတ်သက်၍လည်း မုန်တိုင်းဒဏ်သင့် ဒေသများသို့ အထူးကုဆရာဝန်ကြီးများ ဦးစီး၍ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေးအဖွဲ့များ စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည်လည်း အရေးကြီးသည့်အတွက်   ပြည်သူလူထုအဆင်ပြေချောမွေ့စွာ ဆက်သွယ်မှုရရှိနိုင်ရေး တာဝန်ရှိသူများနှင့်ဝန်ထမ်းများ နေ့ညမပြတ်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထောက်ပံ့ရေး စ္စည်းများ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ဒေသများသို့ စနစ်တကျ ဖြန့်ခွဲပေးပို့နိုင်ရေး စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးအတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်  ထောက်ပံ့ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်ပြီး ပေါက်တောမြို့၌ ကလေးအထူးကု၊ သမားတော်၊ သွားနှင့်ခံတွင်းအထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ သွားဖွား မီးယပ်အထူးကု၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုကာ လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပေါက်တောမြို့ ဘဝမ်းကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး   ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အမိုးသွပ်များကို ဆက်ကပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည့် မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန်လင်း တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့အခမ်းအနားတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၂၅၆ သိန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် နေပြည်တော်၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်၍ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားခဲ့ရ သည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်တို့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ဒေသများတွင်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာရှိ ကျွဲ၊ နွား ၁၂၁ ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊ နွား ၂၃ ကောင်နှင့် အင်အားချည့်နဲ့ ကျွဲနွား ၅၂ ကောင်ကို  အားဆေးထိုးနှံခြင်း၊ အုန်းရေဖော်ကျေးရွာရှိ ကျွဲ၊နွားအကောင်၂၀ ကို လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊ နွားငါးကောင်နှင့် အင်အားချည့်နဲ့ ကျွဲနွား ခုနစ်ကောင်တို့ကို အားဆေးထိုးနှံခြင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် စစ်တွေတပ်နယ်အတွင်းရှိ နွား၁၁၇ ကောင်ကို   လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ နာမကျန်းဖြစ်ပွားလျက်ရှိသည့် နွားရှစ်ကောင်ကို ဆေးကုသပေးခြင်း၊ ဝက် ၁၂ ကောင်ကို ဝက်ပလိပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ သန်ချဆေးနှင့် အားဆေးများ   ထိုးနှံပေးခြင်းနှင့် နာမကျန်းဝက် တစ်ကောင်ကို ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)