ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိပြီး မကြာမီ အတည်ပြုကြေညာမည်

ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိပြီး မကြာမီ အတည်ပြုကြေညာမည်

    ရီးယဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး မကြာမီအတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

အသက်  ၁၉  နှစ်အရွယ်   ဘယ်လင်ဟမ်သည် ၂၀၁၉ ခုနှစ်က ဘာမင်ဂမ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၂၆ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်   ရီးယဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက အသင်းကွင်းလယ်ပိုင်းတွင် တိုနီခရူးစ်နှင့် မိုဒရစ်တို့သည် အသက်အရွယ် ပိုင်းအရ မကြာမီအနားယူရမည့် အခြေအနေကြောင့် အသင်းကွင်းလယ်ပိုင်းကို လူငယ်ကစားသမားများနှင့် အစားထိုး လိုနေသည့်အတွက် ဘယ်လင်ဟမ်ကို ချူအာမန်ဒီ၊ ကာမာဗင်ဂါတို့နှင့် တွဲဖက်ကစားရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အပြင် အပိုဆုကြေး ယူရို သန်း ၃၀ စုစုပေါင်း ယူရို သန်း ၁၃၀ အထိပေးချေ ရဖွယ်ရှိနေပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ရာ လာမည့်ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားမည့် ဘွန်ဒက်စ်လီဂါပွဲစဉ်အပြီးတွင် အပြီးသတ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။