မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး

အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်ကျော် သည် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁ ဦးက ၎င်း၏ အိမ်ရှေ့၌ စောင့်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရှိရသည်။

၂။           ယခုကဲ့သို့ အေးချမ်းစွာ လှုပ်ရှားသွားလာနေသည့် ပြည်သူများ၊ ၎င်းတို့အား အားပေးထောက်ခံခြင်း မရှိသူများကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များကို မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး