ပွင့်ဖြူမြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ပြီးဖြစ်၍ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင်မည်

ပွင့်ဖြူမြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ပြီးဖြစ်၍ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင်မည်

ပွင့်ဖြူ၊ ဓာတ်အားရရှိရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရေးနှင့်      ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယခင် တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနေရာ၌ ၂၀ အမ်ဗွီအေထရန်စဖော်မာနှင့် ပြောင်းလဲ အစားထိုး တပ်ဆင်ပြီး ဓာတ်အားလိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါမြို့နယ် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

ထိုသို့ ထရန်စဖော်မာများ အဆင့်မြှင့်တင် ထိန်းသိမ်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးမျိုးမင်းနိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မေ ၂၁ ရက်မှစပြီး ဓာတ်အားခွဲရုံအတွင်း ယခင် တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေထရန်စဖော်မာအစား ၂၀ အမ်ဗွီ အေထရန် စဖော်မာနှင့် ပြောင်းလဲအစားထိုး တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးပြုပြင် ထိန်းသိမ်းခြင်း၊ ဗို့အားပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ပြောင်းလဲတပ်ဆင်သည့် ၃၃/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေထရန်စဖော်မာ Tapping  ချိန်ညှိခြင်းများကို စနစ်တကျ ဆောင်ရွက်ခဲ့သည့် အပြင် ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုလည်း  စနစ်တကျ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)