တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ (၆/၂၀၂၃)အစည်းအဝေးကျင်းပ

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ (၆/၂၀၂၃)အစည်းအဝေးကျင်းပ

နေပြည်တော်  မေ  ၃၁

    တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ၏ (၆/၂၀၂၃)အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသော အမှာစာ ကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြ ဆောင်ရွက်ကြပြီး တင်ပြလာသော အမှာစာများအပေါ် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ယင်းနောက် ကော်မတီရေးရာ ကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များက ဆက်လက် တင်ပြခဲ့ရာ ကော်မတီဥက္ကဋ္ဌက  ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိသည်။