မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ထိရောက်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများဆွေးနွေး

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ထိရောက်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများဆွေးနွေး

နေပြည်တော်  မေ  ၃၁

    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့်    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ      အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

    တွေ့ဆုံစဉ် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့်   လက်အောက်ခံ အဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက်မှု ရှိစေရေးအတွက်    ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို ဆွေးနွေးသည်။