အရှေ့တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် -

        အရှေ့တောင်တိုင်းစစ်ဌာနချုပ်၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး)  သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊   နယ်မြေခံသင်တန်းကျောင်းစက်ပစ်ကွင်း၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် သေနတ်ပစ်အသင်းများ တက်ရောက်ကြသည်။

     ထို့နောက် တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး)သေနတ်ပစ်ပြိုင်ပွဲတွင် အသင်း လိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်းများနှင့် ပြိုင်ပွဲတစ်ခုချင်းအလိုက်  ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြ သည်။

        အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၅ သင်းဖြင့် မေ ၂၉ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။