ပုသိမ်မြို့ရှိ ရန်ပြေမာရ်ပြေဓာတ်ပေါင်းစုစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ စေတီပလ္လင်တော်မြှင့်တင်ခြင်း၊ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ ကိန်းဝပ်ရန် ကျောင်းဆောင်သစ်များ တည်ထားခြင်းနှင့် ရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ စ

ပုသိမ်မြို့ရှိ ရန်ပြေမာရ်ပြေဓာတ်ပေါင်းစုစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ စေတီပလ္လင်တော်မြှင့်တင်ခြင်း၊ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ ကိန်းဝပ်ရန် ကျောင်းဆောင်သစ်များ တည်ထားခြင်းနှင့် ရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ စေတီရင်ပြင်တော် စကျင်ကျောက်ပြားခင်းလှူခြင်း ရေစက်ချ အလှူတော်မင်္ဂလာ ပြုလုပ်

နေပြည်တော်၊ ဇွန် -

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရန်ပြေမာရ်ပြေဓာတ်ပေါင်းစု စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စေတီပလ္လင်တော်မြှင့်တင်ခြင်း၊ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ ကိန်းဝပ်ရန် ကျောင်းဆောင်သစ်များ တည်ထားခြင်းနှင့် ရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ စေတီရင်ပြင်တော် စကျင် ကျောက်ပြားခင်းလှူခြင်း ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရန်ပြေ မာရ်ပြေဓာတ်ပေါင်းစု စေတီတော်၌ ကျင်းပပြုလုပ်ရာ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊  မိသားစုဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

      ဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ် များက ရန်ပြေမာရ်ပြေဓာတ်ပေါင်းစုစေတီတော် ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် များအား တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်၍ ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခဲ့ကြသည်။

      ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား တိုင်းစစ် ဌာနချုပ်၊ သာသနဝံသဓမ္မာရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ နှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ၎င်းနောက် သံဃာတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရား တော်များအား  နာယူကြည်ညို ၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

       ယင်းနောက် ပုသိမ်မြို့ မရမ်းချိုပရိယတ္တိစာသင်တိုက်ဆရာတော် ဧရာဝတီ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောဘိတထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။