ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

၂၀၂၃  ဇွန်()ရက်

    ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမအစီးသည်  ဂတ်စ်မီးဖိုအလုံး ၆၀ ပါ ၆ ဖာ၊ ဂတ်စ်ဘူး အလုံး ၆၀ ပါ၃ ဖာ၊ ကြက်ဥ ၆,၀၀၀ လုံး၊ ၁၃ မျိုးပါ စားသောက်ကုန် ၁,၃၃၉ ဖာ၊ ကြက် ၅၀ ကောင်၊ Portable Generator Set 56 kW ၂ စုံ စုစုပေါင်းကုန်တန်ချိန် ၁၁ တန် တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ အငူမော်ကမ်းထိုးရပ်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် ဆန်အိတ် ၉၉၉ အိတ် စုစုပေါင်း ကုန်တန်ချိန် ၅၀ တန်တို့အား စစ်တွေကမ်းထိုးရပ်၌ တင်ဆောင်၍ ပေါက်တော ကမ်းထိုးရပ်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် မီးစက် ၃ လုံး၊ သစ်မျိုးစုံ  ၆၉၆ ချောင်း၊ ဘိလပ်မြေ ၁,၅၁၉ အိတ်၊ ဒီဇယ်ဆီ ၅ ပေပါနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Backhole ၁ စီး စုစုပေါင်း ကုန်တန်ချိန် ၁၁၀.၉၅ တန် တို့အား စစ်တွေကမ်းထိုးရပ်နှင့် အငူမော်ကမ်းထိုးရပ်တို့၌ တင်ဆောင်၍ ရသေ့ တောင်ကမ်းထိုးရပ်သို့လည်းကောင်း ယနေ့တွင် အသီးသီးပို့ဆောင်ပေးခဲ့သည်။

      အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များအား တာဝန်ရှိ သူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။