ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ မိုခါမုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည်ရှုစစ်ဆေး၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဗူးများ ထောက်ပံ့လှူဒါန်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ မိုခါမုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်မှု ကြည်ရှုစစ်ဆေး၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဗူးများ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ ဇွန် -

      ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့တို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ နယ်မြေခံရဲတပ်ဖွဲ့ခွဲများနှင့် မီးသတ်တပ်ဖွဲ့ များသို့ သွားရောက်၍ လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍ အလိုက်တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း ပြသကြသည်။

      ထို့နောက် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်/မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ ၎င်းအပြင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းချုပ် (MLCA)၏ ရက် ၃၀ စတုဒိသာအလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသော ဒံပေါက်ထမင်း/ဟင်းလျာဗူးများ ထောက်ပံ့ပေးအပ်ပြီး ရသေ့တောင်မြို့ရှိ လူစည်ကားရာနေရာများတွင် မုန်တိုင်းသင့်ဒေသခံပြည်သူများအား ဒံပေါက်ထမင်းဗူး များ ဆက်လက်ပေးဝေလှူဒါန်းကြသည်။

       ဆက်လက်၍ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာနှင့် ပဲရုံကျေးရွာများသို့ သွားရောက်၍ မုန်တိုင်းကြောင့်အမိုးလန်ပျက်စီးခဲ့သည့် အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်မီဆောင်ရွက် ပြီးစီးရေး အတွက် တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။