ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံး

ဂျပန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံး

ဂျပန်နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဇွန် ၃ ရက်တွင်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းသည် အင်အားပြင်းမုန်တိုင်းဖြစ်သည့်  မဝါ၏အရှိန်ကြောင့်ဖြစ်ပြီး ယခုအခါ အဆိုပါ မုန်တိုင်းမှာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားပျော့သွားပြီဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် တိုယိုဟာရှိဒေသ၌ ရေလွှမ်းခံထားရသော ကားတစ်စီးအတွင်းမှ အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးကိုတွေ့ရှိ၍ သွားရောက်ကြည့်ရှုရာ ထိုအမျိုးသားမှာ သေဆုံးနေပြီကိုတွေ့ရသည်။

နိုင်ငံအနောက်ပိုင်းရှိ ဝါကာယာမာဒေသတွင်လည်း မြစ်ရေကြီးမှုများနှင့် မြစ်ကမ်းပါးတိုက်စားမှုများ  ဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရှာဖွေနေရသည်။

အလားတူ    ဟာမာမတ်ဆူမြို့ရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မြေပြိုမှုကြောင့်  ဖုံးလွှမ်းခြင်းခံရသည့် နေအိမ်ရှိ အမျိုးသားတစ်ဦးကို ရှာဖွေမှုများ လုပ်ဆောင်နေသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူ ၆ ဦး အပြင်းအထန်ဒဏ်ရာများရရှိပြီး လူ ၂၉ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိကြောင်း သိရသည်။

Ref: TST