မြောက်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

 

မြောက်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်     မြောက်ဦးမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကို  ဇွန် ၂ ရက်က  အောင်တပ်ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး    အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းကျော်နှင့် တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနမှ  ဆရာ၊ ဆရာမများက ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ်ကာ ပလတ် စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့   ပူးပေါင်း ဖြေရှင်း ဆောင်ရွက်စို့ခေါင်းစဉ်ဖြင့်   စာစီစာကုံးပြိုင်ပွဲနှင့်    ပန်းချီပြိုင်ပွဲကိုကျင်းပ သည်။

စာစီစာကုံးပြိုင်ပွဲတွင် မြောက်ဦးမြို့နယ် အတွင်းရှိ    အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်နှင့်    အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင်   ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများကို   ကျောင်းသား၊ ကျောင်းသူများ    မိမိတို့ပတ်ဝန်းကျင်၌ သာမက    ကျောင်း ပတ်ဝန်းကျင် ၌လည်း  ပလတ်စတစ်အမှိုက်များကို  စည်းကမ်းမဲ့ မစွန့်ပစ်ဘဲ စနစ်တကျစွန့်ပစ်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း    သိရသည်။                

မြင့်စိုး(ပြန်/ဆက်)