နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အသုံးပြုရန် ပေးပို့ထားသည့် ဘက်စုံသုံးထွန်စက်များ တပ်မတော် ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်  ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အသုံးပြုရန် ပေးပို့ထားသည့် ဘက်စုံသုံးထွန်စက်များ တပ်မတော် ကမ်းထိုးရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေး

စစ်တွေ   ဇွန်  

    မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက် မှုများကို အနီးကပ်ကြီးကြပ်ရန် စစ်တွေမြို့၌ ရောက်ရှိနေသည့်  နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည်   ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့်   ဒေါက်တာသက်သက်ခိုင်၊ ဦးအောင်သော်၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းတို့နှင့်အတူ   ယနေ့နံနက်ပိုင်းတွင်  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့်   မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)  ငပလီဟိုတယ် လုပ်ငန်းရှင်များက  အလှူငွေကျပ် သိန်း ၄၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် အဖွဲ့သည် ရေချမ်းပြင်ဆိပ်ကမ်း သို့ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   စက်မှုလယ်ယာ ဦးစီးဌာနမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက်   အသုံးပြုရန် ပေးပို့ထားသည့်   ဘက်စုံသုံးထွန်စက်များ အနက်မှ ထွန်စက် ၁၄ စီးကို ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်ရန် တပ်မတော်ကမ်းထိုး ရေယာဉ်များပေါ်သို့ တင်ဆောင်နေမှုကို  ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင်   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊  ဒေါက်တာသက်သက်ခိုင်၊   ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့် အတူ  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီ အလိုက် တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးများက သဘာဝဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊   ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို   ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊   ဒေါက်တာသက်သက်ခိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ပူးပေါင်း ဆောင်ရွက်သွားရမည့်  ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြသည်။

တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြည်သူများအား ဝေငှသည့် အစားအစာများကို သန့်ရှင်းပြီး    ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ရန်၊   လုပ်ငန်းသုံးစက်ပစ္စည်းများ စွမ်းအားပြည့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန်၊   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ရေယာဉ်/မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ရာတွင် အပျက်အစီး၊ အလေအလွင့် အနည်းဆုံးဖြစ်အောင် စနစ်တကျကြပ်မတ် တင်ဆောင်သွားရန်၊    ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင်  ဦးစားပေးအုပ်စုများ စာရင်းပြုစုသတ်မှတ်၍ ထောက်ပံ့သွားရန်၊ သဘာဝဘေးဒဏ်ကို အကာအကွယ်ပေးသည့် ဒီရေတောနှင့် အုန်းပင်များ ပြန်လည် စိုက်ပျိုးသွားရန် မှာကြားပြီး  လုပ်ငန်းလိုအပ် ချက်များကို  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင်   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် စစ်တွေမြို့နယ် မှန်စီရွာသွားလမ်းပေါ်ရှိ  ယာယီဘေလီသံပေါင် တံတားတည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ မှန်စီရွာသွားလမ်းပေါ်ရှိ အရှည်ပေ ၂၀ ကွန်ကရစ်တံတား   ကမ်းကပ်ခုံကျိုးကျ ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး

ဝန်ကြီးဌာန ရခိုင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီသံပေါင် တံတားကို မေ ၃၀ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ယနေ့တွင် တည်ဆောက် ပြီးစီးပြီဖြစ်သဖြင့် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်းနှင့်  ကျေးရွာ ၅ ရွာမှ ပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်းသိရသည်။

ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံ   ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးတို့မှ  အနုပညာရှင်များက   ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ စိတ်အပန်းပြေစေရန် စစ်တွေကမ်းခြေ၌ တေးသီချင်းများဖြင့် လာရောက်ဖျော်ဖြေကြရာ ဒေသခံပရိသတ်များ ကမ်းခြေ၌လာရောက် အပန်းဖြေ အနားယူကြသူများဖြင့်  အထူးစည်ကားလျက်ရှိကြောင်း တွေ့ရှိရသည်။

မိုခါမုန်တိုင်းအလွန်   ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအား အထူးကုဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ မေ ၁၆ ရက်မှ ဇွန် ၃ ရက်အထိ ပြည်သူ့ဆေးရုံကြီးများ၌ ပြင်ပလူနာ ၁၀၆၁၀ ဦး၊ အတွင်းလူနာ ၂၀၂၀၉ ဦးနှင့် ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲများတွင်   ပြသသည့် လူနာ ၅၁၃၃၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ရေသန့်ဆေးခတ်ခြင်း ၃၉၈၅ ကြိမ်နှင့် ကျန်းမာရေး အသိပညာပေးခြင်း ၆၁၇၆ ကြိမ်တို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် အထူးကုဆေးအဖွဲ့များ စေလွှတ်၍ ကွင်းဆင်းကုသပေးခဲ့သည့် လူနာဦးရေမှာ ရသေ့တောင်မြို့နယ်၌ ၁၉၁ ဦး၊ ကြွီတဲ(စစ်တွေ)ကျေးရွာ၌ ၃၉၄ ဦး၊ မင်းဂံ(စစ်တွေ)ရပ်ကွက်၌၂၉၄ ဦး၊ သက္ကယ်ပြင်ကျေးရွာ၌ ၅၈ ဦး၊ မင်းပြားမြို့နယ်၌ ၁၁၅၀၊ ကျောက်တော်မြို့နယ်၌ ၉၆၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၃၇၁ ဦး၊ မာန်အောင်မြို့နယ်၌  ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တောမြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း  ၅၂၆၅ ဦးဖြစ်ကြောင်း သိရသည်။

 ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့်   ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် ရေငန်တားတာ ၃၂ ခုအနက် ခြံပြင်တာ (မောင်တော)၊ ကုလားပုန်းကျွန်းပတ်တာ(မြောက်ဦး)၊ ငမန်းရဲကျွန်းတာ အပိုင်း ၁ နှင့် အပိုင်း ၂ (မြေပုံ)တို့မှာ ကျိုးပေါက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ ရေငန်တားတာ ၄ ခုကို စိုက်ပျိုးရာသီမတိုင်မီ  ပြီးစီးရေး အတွက်   စက်ယန္တရားများ အသုံးပြုကာ မေ ၂၁ ရက်မှစတင်၍ ပြုပြင်ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် အဆိုပါ ရေငန်တားတာများ ကျိုးပေါက်မှုကို စိုက်ပျိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယင်းတာများ၏ ရေဘေးကာကွယ်ဧရိယာ ၁၇၇၀၆  ဧကအတွင်း စိုက်ပျိုးရန်လျာထားသည့် မိုးစပါးဧကနှင့် အခြားသီးနှံများ  အောင်မြင်စွာ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး  ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း   သတင်းရရှိသည်။