ပထမအကြိမ် ထားဝယ်အမျိုးသားယဉ်ကျေးမှုနှင့် စာပေသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ပထမအကြိမ် ထားဝယ်အမျိုးသားယဉ်ကျေးမှုနှင့် စာပေသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ရန်ကုန်၊ စာပေရေးရာ

ထားဝယ်အသင်း (ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် ထားဝယ်အမျိုးသားယဉ်ကျေးမှုနှင့်  စာပေသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ဇွန် ၄ ရက်တွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ထားဝယ်အသင်း(ရန်ကုန်)   နာယကဆရာတော်   အရှင်ဘဒ္ဒန္တဣန္ဒောဘာသ၊    ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်   ဒေါက်တာနေဝင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ထားဝယ်အသင်း (ရန်ကုန်) နာယကဆရာတော် အရှင်ဘဒ္ဒန္တဣန္ဒောဘာသက စာတမ်း ဖတ်ပွဲကျင်းပရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းနှင့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲကို ကျင်းပရာ ဆရာတော် အရှင်ဘဒ္ဒန္တဣန္ဒောဘာသက မိခင်ဘာသာ သင်ကြားရေး ထားဝယ်စာပေ ခေါင်းစဉ်ဖြင့်  စာတမ်းကိုလည်းကောင်း၊ အရှင်ဘဒ္ဒန္တဘန္ဇနက   သာရဝတီ နာဂရသမိုင်းသစ်ခေါင်းစဉ်ဖြင့် စာတမ်းကိုလည်း ကောင်း၊ ဦးတင့်လွင်က ထားဝယ်တိုင်းရင်း သားရိုးရာ ဘာသာစကားနှင့်  စာပေခရီး ခေါင်းစဉ်ဖြင့်   စာတမ်းကိုလည်းကောင်း၊ ဒေါက်တာနန်းလှိုင်က   ထားဝယ် ဆိုင်ရာ သမိုင်းအထောက်အထားများခေါင်းစဉ်ဖြင့် စာတမ်းကိုလည်းကောင်း၊ ဒေါက်တာ တဲရင့်စ်တန် က   ပျောက်ဆုံးသွားသော မြန်မာ့ရှေးဟောင်းတနုသီရိ (Tanu Sri)ယဉ်ကျေးမှုကို ဒြပ်ရှိရုပ်ဝတ္ထု ယဉ်ကျေးမှု ဖြင့် ပြန်လည်ဖော်ထုတ်ခြင်း ခေါင်းစဉ်ဖြင့် စာတမ်းကိုလည်းကောင်း၊ ဒေါက်တာ ပြည့်ဖြိုးကျော်က ထားဝယ်ယဉ်ကျေးမှုနယ်မြေအတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်အရင်း အမြစ်များ စီမံခန့်ခွဲခြင်းဆိုင်ရာ နမူနာပုံစံခေါင်းစဉ်ဖြင့် စာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြား ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်များနှင့် စာပေပညာရှင်များ တင်ပြထားသော  စာတမ်း များအား ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။             

လင်းခန့်