အသိပေးနှိုးဆော်ပန်ကြားခြင်း

အသိပေးနှိုးဆော်ပန်ကြားခြင်း

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူပြည်သူ အပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုနိုင်ပါသည်။

၂။   ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများ အနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင် လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတစ်လျှောက် လမ်း၏ ဘေးဘယ်ညာတွင် လည်းကောင်း လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်-

    (က)   ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း

    (ခ)     ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း

    (ဂ)    ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း

    (ဃ)   ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း

၃။      ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာ သဘင်အတွက်  ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက် လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်ပန်ကြားအပ်ပါသည်-

    (က)   ဒေါ်မော်လီစန်း       ဖုန်းနံပါတ်-၀၉-၄၄၁၀၁၉၂၈၃

    (ခ)     ဦးစိုးမိုးသိမ်း ဖုန်းနံပါတ်-၀၉-၉၇၀၈၂၃၆၈၈

 

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေးဦးစီးကော်မတီ