နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေမ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေ များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်၌ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  ကံမြင့်သန်းက ဇွန် ၁၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် မှာကြားချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှု၊ ဆင်းတုတော်ငယ်များထုဆစ်နေမှု၊  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရေးလုပ်ငန်းများ တိုးတက်မှု၊ ဆင်းတုတော်ကြီးအား ဆေးသင်္ကန်းကပ်ခြင်း နှင့် လက်မှုအချောထည်များထုဆစ်ခြင်း ဆောင်ရွက်နေမှု၊ အလှပန်းကနုတ်များအား Mobile CNC ဖြင့် ထုဆစ်၍ ပလ္လင်တော်တွင် တပ်ဆင်မှုနှင့် အပတ်စဉ်လုပ်ငန်း တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဗုဒ္ဓဥယျာဉ်အတွင်း သာသနိက အဆောက်အအုံများ၊ ရေပန်းရင်ပြင်၊ ရင်ပြင်တော်၊ ဂန္ဓကုဋိတိုက်၊ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတည်ဆောက်ခြင်း၊ သာသနာ့ ဗိမာန်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံစေတီများ တည်ဆောက်ပြီးစီးမှု အခြေအနေ များကိုလည်းကောင်းရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ မဟာဗောဓိညောင်ပင် ရှင်သန်ဖြစ်ထွန်းမှု၊ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက် ပြီးစီးမှု၊ ကျောက်စာရုံစေတီတော် များတည်ဆောက်ပြီးစီးမှု၊ နဂါးရုံဘုရားနှင့် မုစလိန္ဒအိုင် တည်ဆောက်ပြီးစီးမှုနှင့် ကျည်းပင်များ ရှင်းသန်ဖြစ်ထွန်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။

အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊  နိုင်ငံတော် ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ စကျင်ကျောက် တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းထိရေလမ်း ကြောင်းဖြင့်လည်းကောင်း၊ ၎င်းမှတဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲများစွာကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ရောက်ရှိလာသည့် ကျောက်တုံးတော် ကြီးများကိုအဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက် သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ ၁၀ ရက် တို့တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော် ကုသိုလ်ရှင်များ၊ ပြည်သူပြည်သားများအားလုံး ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုခဲ့ကြ ကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော် ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၇ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်ကြောင်း။

ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာ အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီးအပါ အဝင်အခြားသောသာသနိက အဆောက်အဦများစွာကိုလည်းထည့်သွင်း တည်ဆောက် လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိကြောင်း၊  ထုဆစ်ပြီးစီး သည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာ ဋီကာကျမ်း စာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့်ဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော် လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန်  စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါ သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၆ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းသတင်းရရှိသည်။