အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၀

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ထုံးဘိုတိုက်နယ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သံစဉ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သား များက ကျောင်းဝင်းများ အတွင်း၊အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများ နေရာချထားပေးခြင်း စသည့်သန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။