အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကာကွယ်ဆေး တိုက်ကျွေး

နေပြည်တော်၊ သြဂုတ် - ၁၀

 အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ကလေးငယ် များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် ၆ လမှ ၁၁ လအထိ ကလေးငယ် ၁၁ ဦး ကို ဘီတာမင်အေ တစ်သိန်းအား အပြာရောင်ဆေးကို လည်းကောင်း၊ အသက် ၁ နှစ်မှ ၂ နှစ် အထိ ကလေးငယ် ၆၁ ဦးကို ဘီတာမင်အေနှစ်သိန်းအား အနီရောင်ဆေးကို လည်းကောင်း ကျန်းမာရေး ဝန်ထမ်းများက အသီးသီးတိုက်ကျွေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကလေးငယ်များနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။