မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၌ လုပ်အားဒါနပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၌ ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းတွင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တပ်မှ တပ်မတော်သားများက ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ထွက်ရှိလာသည့် အမှိုက်များအား တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ (ရန်ကုန်)မှ အမှိုက်သယ်ယာဉ်များဖြင့် လွတ်ကင်းရာသို့ ပို့ဆောင်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်အားဒါနအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။