၂၀၂၀ ပြည့်နှစ် အထွေထေွရွေးကောက်ပွဲအတွက် ဂျပန်အစိုးရ၏ ကူညီဆောင်ရွက်ပေးခဲ့မှုနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်   နိုဝင်ဘာ   ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ  နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ  H.E.Mr. Yohei SASAKAWA နှင့်အဖွဲ့အား   ယနေ့မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်   အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ  ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ လွတ်လပ်တရားမျှတသည့်  ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်တွင်းနှင့်နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ လေ့လာခွင့်ပြုမည့် အစီအစဉ်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်အစိုးရ၏ ကူညီဆောင်ရွက်ပေးခဲ့မှုနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည် တွေ့ဆုံပွဲသို့    ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။