နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စက

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား

 
နေပြည်တော် ဇူလိုင်- ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၊ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိသာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ ၊ ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့် လှစ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဖြစ်ပေါ်လာ ခြင်းသည် မြတ်ဗုဒ္ဓ၏ သာဿနာတော် အစပိုင်း “တိစီဝရိတ်”ဟု ခေါ်သည့် သုံးထည်သော သင်္ကန်းကိုသာ ခွင့်ပြုတော်မူခြင်းမှ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်ဟု ဆိုရမှာဖြစ်ပါကြောင်း။
မြတ်စွာဘုရားရှင်သည် သံဃာ့အဖွဲ့အစည်းကြီးကို စတင်တည်ထောင်စဉ်က အရိယာသံဃာတော်များနှင့်သာ စတင်တည်ထောင်ခဲ့ပြီး သာသနာ အစောပိုင်း ကာလတွင် ရဟန်းတော်များ ဝတ်ရုံသုံးစွဲရန်အတွက် “တိစီဝရိတ်”ဟုခေါ်သည့် သုံးထည် သော သင်္ကန်းကိုသာ ခွင့်ပြုတော်မူခဲ့ကြောင်း။
ရဟန်းတော်များ ဝါဆိုဝါကပ်ရန် မြတ်စွာဘုရားရှင် သတ်မှတ်ခွင့်ပြု ပေးတော် မူခဲ့သော ကာလမှာ မိုးတွင်းကာလ ဖြစ်သည့်အတွက် ရဟန်းတော်များအနေဖြင့် မိမိတို့ သီတင်း သုံးရာ ကျောင်းတိုက်တာနှင့် ညဉ့်ကင်း၍ ခရီးထွက် ခွာခြင်းမပြုရန်၊ အကယ်၍ မဖြစ် မနေ ခရီးသွားရမည့် ကိစ္စရှိပါကလည်း ဝါပန်၍သွားရောက်ရန် စသည်ဖြင့် သိက္ခာပုဒ်များ ပညတ်တော် မူခဲ့သည်ကို သိရှိရကြောင်း။
ထိုမိုးတွင်းကာလအတွင်း ကျောင်းတိုက်တာပြင်ပဖြစ်သည့် မြို့ရွာ အတွင်း သို့ သွားရမည့်ကိစ္စ၊ ခရီးဝေးသွားရမည့်ကိစ္စတို့ ပေါ်ပေါက်၍ သွားလာရသည့် အခါ ခရီးသွားလာရင်း မိုးစို မိုးမိခဲ့ပါက ရေစိုသင်္ကန်း အား ခြောက်သွေ့သည့် အပို သင်္ကန်း ဖြင့် လဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်း ထားရှိခွင့်နှင့် မိုးရွာစဉ် မိုးရေ ချိုးသည့်အခါ၌ လည်း ရေစိုခံမည့် မိုးရေခံ သင်္ကန်းချုပ်ဆိုးခွင့်၊ ဝတ်ရုံခွင့်တို့ကို ထိုစဉ်က မြတ်စွာဘုရား ရှင် ခွင့်ပြုတော်မူခြင်း မရှိသေးသည့်အတွက် မိုးရေခံသင်္ကန်း နှင့်စပ်လျဉ်း၍ ရဟန်း တော်များ အခက်အခဲဖြစ်မှုကိုသိရှိသည့် သာဝတ္ထိပြည်၊ ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ က ဘုရားရှင် ထံ “မိုးရေခံသင်္ကန်း” လှူဒါန်းခွင့် လျှောက်ထားခဲ့ရာ မြတ်စွာဘုရားရှင် က မိုးရေ ခံသင်္ကန်း အလှူခံသုံးစွဲခွင့်ကို ဝိနည်း သိက္ခာပုဒ် နှစ်ခု ပညတ်၍ သုံးစွဲရမည့် ကာလနှင့် အတိုင်းအတာ အရွယ်အစား ပမာဏ တို့ကို ခွင့်ပြုပေးတော်မူခဲ့ကြောင်း။
မိုးရေချိုးသောအခါတွင် အသုံးပြုရန် မိုးရေခံသင်္ကန်း လှူဒါန်းခဲ့ကြသော် လည်း နောင်တွင် မိုးရာသီဖြစ်သော ဝါတွင်းသုံးလတွင် ဝါဆိုဝါကပ်တော် မူကြသော ရဟန်းတော် တို့အား လှူဒါန်းကြသည့်အတွက် “ဝါဆိုသင်္ကန်း” ဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲ လာကြကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ သည့် မြန်မာနိုင်ငံသူ/ နိုင်ငံသားတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် ဝါဆိုပွဲတော် သည်ထုံးတမ်းအစဉ်အလာ တစ်ရပ်အနေဖြင့် တည်ရှိလာခဲ့ပြီး ဝိနည်းတရားတော်နှင့် အညီ လှူဒါန်းခွင့်ရရှိခြင်း၊ ကာလ ဒါနဖြစ်ခြင်းတို့ကြောင့် မွန်မြတ်သည့်အလှူဒါနဟု ခေါ်ဆို ရမည်ဖြစ်ကြောင်း။
မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့အနက် ဝါတွင်းကာလအတွင်း သင်္ကန်းဖြင့် မပင်ပန်းကြစေရန် လှူဒါန်းကြရခြင်းဖြစ်သည့်အတွက် သင်္ကန်းလှူဒါန်းကြရသူများ အနေဖြင့် “ရွှေရောင် အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစ,သား၊ ဝတ်ထည်များကို၊ ဆင်မြန်းရခြင်း”စသော အကျိုးထူးများ ခံစားရရှိနိုင်ပြီး ဗုဒ္ဓဘာသာ ဝင်များ အနေဖြင့် ဝါဆိုချိန်ရောက်တိုင်း ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းတို့ကို အစဉ် အမြဲလှူဒါန်း ကြ သည့် ကာလဒါန ကုသိုလ် ဖြစ်ခြင်းကြောင့် “သောတာပန် နှယ်၊ ဂုဏ်ရည် ကြွယ်၍၊ လေးဝ,ပါယ်ဘေး၊ လွတ်ကင်းဝေး” နိုင်ကြောင်းကိုလည်း ကျမ်းဂန်အဆိုအမိန့်များအရ သိရှိ ရကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံ တော်မူပြီး သက်တော်ရှည် သံဃာ့ဥသျှောင် ဆရာတော်ကြီးများကို နှစ်စဉ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် မြတ်စွာဘုရားရှင်က မိုးရေခံသင်္ကန်း(ဝါဆိုသင်္ကန်း) ဆက်ကပ် ရန် ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးတော် မူခဲ့သည့်အတွက် ဗုဒ္ဓအလိုတော်ကျ ဖြစ်ခြင်း၊ ဝါဆိုချိန်ရောက်တိုင်း ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကို အကြောင်းပြု၍ ဆရာတော် ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ် ခွင့်ရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက် ခွင့် ရရှိခြင်းတို့က ကောင်းမြတ်သည့်အခွင့် ကောင်း၊ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်သကဲ့သို့ ရည်ရွယ်သတ် မှတ်ထားသည့် အချိန်အခါရောက်တိုင်း ဆည်းပူး အားထုတ်ရသည့်အတွက် “အာစိဏ္ဏ ကံ” ကုသိုလ်ကိုလည်း ဖြည့်ကျင့်ရာရောက် သည်ကို သိရှိရကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ကြွရောက်တော် မူကြမည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၊ ဒေသခံဆရာတော်များဖြစ်သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း သံဃနာယက အဖွဲ့ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များကို ပင့်ဆောင်မည် ဖြစ်သည်ကို သိရှိရကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို ရန်ကုန်မြို့မှ နေပြည် တော်သို့ ပင့်ဆောင်ရာတွင် လေယာဉ်ဖြင့်သာ ပင့်ဆောင် သွားရန်နှင့် လေဆိပ်နှင့်သံဃာရာမကျောင်းဆောင်သို့ ကြိုဆိုပင့်ဆောင်ရာ တွင်ဖြစ်စေ၊ ဒေသခံဆ ရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရာတွင် ဖြစ်စေ၊ အဆင်ပြေ ချောမွေ့စေရေးနှင့် လမ်းကြောင်းလုံခြုံရေးကအစအထူးအလေး ထားဆောင်ရွက်သွားကြ ရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ညကျိန်းစက်အမီ ကြွရောက်လာကြသည့် ဆရာတော်ကြီးများကို သံဃာရာမ ကျောင်းဆောင်များတွင် စိတ်နှလုံးချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး စီစဉ်ပေးရန် နှင့် ဝေယျာဝစ္စဆောင်ရွက်ကြမည့် ကပ္ပိယကာရကများကိုလည်း စနစ်တကျ တာဝန်ပေး အပ် သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
အထူးမှာကြားလိုသည်မှာ ဆရာတော်ကြီးများအား လာရောက် ဖူးမြော်ကြ မည့် ဧည့်သည် အဝင်/အထွက်ကိုလည်း လုံခြုံရေးအရ စနစ်တကျစိစစ် ကြပ်မတ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဝင်/ထွက်သွားလာရေး စနစ်တကျ ဆောင် ရွက်သွားကြရန် မှာကြားလိုကြောင်း။
၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁၁၀/ ၂၀၂၃)ဖြင့် ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်သကဲ့သို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့်လည်း အခမ်းအနား ဆိုင်ရာလုပ်ငန်းများကို စနစ်တကျ တာဝန် ခွဲဝေဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်ကို သိရှိရကြောင်း။
ယခုကဲ့သို့ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များသတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် ဆပ်ကော်မတီ အလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကိုလစ်ဟာမှုမရှိစေရန် စေ့စပ်သေချာ စွာ အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အခမ်းအနားကျင်းပမည့် နေ့ရက်မတိုင်မီနှင့် အခမ်းအနားနေ့တို့တွင် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင် သန့်ရှင်းလတ် ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်ဆွမ်း၊ ဟင်းလျာများဖြစ်ရန်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ကျန်းမာရေးဆပ်ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အခမ်းအနားတွင် ဆရာတော်ကြီးများ၏ သီလချီးမြှင့်ခြင်းနှင့် အနုမောဒနာတရား ချီးမြှင့် ခြင်းတို့တွင် အသံစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့်စစ်ဆေး စမ်းသပ်မှု တို့ကို ကြိုတင်စစ်ဆေးထားရမည်ဖြစ်ကြောင်း၊ အရေးကြီး ဆုံးအနေဖြင့် လုံခြုံရေး နှင့်စပ်လျဉ်း၍ ရှုထောင့်စုံ၊ ဘက်ပေါင်းစုံ ရှုမြင်သုံးသပ်ကာ အထူးအလေး အနက်ထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်အခမ်းအနားများ ကျင်းပရာတွင် တွေ့ကြုံရသည့် အားနည်းချက်များကိုပြုပြင်ပြီး အားသာချက်များကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားလိုကြောင်း။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်နေကျ ဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်း အတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းများဆောင်ရွက်သည့် နေရာ တွင် လစ်ဟင်းမှု မရှိစေရေး၊ သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၃ခုနှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ နိုင်ရေး နှင့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြမည့် သက်တော်ရှည် ဆရာတော် ကြီးများ ပင်ပန်းခြင်းမရှိအခမ်းအနားတက်ရောက်နိုင်ရေး၊ ကျိန်းစက်အနား ယူနိုင်ရေး နှင့် စိတ်ချမ်း သာကိုယ်ချမ်းသာ နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ များအနေဖြင့် စနစ်တကျစီမံဆောင်ရွက်ပေးကြရန်နှင့် ယနေ့ကျင်းပသည့် ညှိနှိုင်း အစည်းအဝေး တွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဉီးကိုကို က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က အခမ်းအ နား အောင်မြင်စွာကျင်းပနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံ များ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများပြင်ဆင် ရေးနှင့် ဆက် ကပ်ရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ ဆောင်ရေးဆပ်ကော် မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ် ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော် မတီ၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်း စိမ်းလန်းစိုပြေရေးနှင့် သာသနာရေးဆိုင် ရာအခင်းအကျင်းများ ပြင်ဆင်ရေးဆပ် ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍများအ လိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံး ချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။