ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ လူနာ ၁၀၂၉ ဦး ထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၈

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် ဃဥဠှီု-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၀၂၉ ဦးနှင့် သေဆုံးသူ ၂၄ ဦးရှိကြောင်း သိရသည်။

(၇-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၇၁ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၇-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၈-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၃၆၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၀၂၉ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။