ပြောင်းအခြောက်ခံစက်နှင့် သိုလှောင်ရုံစနစ်များ ပြုလုပ်နိုင်ရန် ဆက်လက်ဆွေးနွေးနေ

ပြောင်းဈေးနှုန်း ကျဆင်းချိန်တွင်   သိုလှောင်ထားနိုင်ရန်နှင့်  အစိုဓာတ်များကို အခြောက်ခံနိုင်ရန်အတွက် အခြောက်ခံ စက်နှင့် သိုလှောင်ရုံစနစ်များပြုလုပ်နိုင်ရန် ဆက်လက်ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ  ဦးမင်းခိုင် ၏ပြောကြားချက်အရ သိရသည်။

ဆွေးနွေးရာတွင် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ  ကုန်သည် များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အပါအဝင် အစိုးရမဟုတ်

သော အဖွဲ့အစည်းများ  ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

တောင်သူတွေ  ပြောင်းစိုက်လို့  ရိတ်သိမ်းပြီးချိန်မှာ  ဈေးကောင်းမရသေးလို့ ဈေးကောင်းရအောင် စောင့်ချင်သေးတယ်။ ရာသီဥတုကြောင့်    ရိတ်သိမ်းရတဲ့အခါ အခြောက်ခံစက်မရှိဘူး။ အစိုတွေကို ရိတ် ရမယ်ဆိုရင် အဲဒီအစိုတွေကို အခြောက်ခံမယ့် စက်တွေလိုအပ်မယ်။ ပြောင်းတွေကို မရောင်းဘဲထားဖို့ သိုလှောင်ရုံတွေ၊ ဂိုဒေါင် တွေလိုအပ်မယ်။ အဲဒါတွေအတွက် လောလောဆယ် အစိုးရနဲ့ညှိနှိုင်းပြီး ခွင့်ပြုလိုက်ပြီ။ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းနေဆဲပါ ဟု ဦးမင်းခိုင်ကပြောသည်။

အဆိုပါ စနစ်များကို ပြောင်းအဓိကထွက်ရှိရာဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။                    

  နေနေ