(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် ပြည်သူများ၏ ရင်တွင်း စကားသံများ

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် ပြည်သူများ၏ ရင်တွင်း စကားသံများ

အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ နိုင်ငံနှင့်လူမျိုးအတွက် နေ့မအား၊ ညမနား ဆောင်ရွက်ခဲ့မှုများကို ပြည်သူတစ်ရပ်လုံး၏ရင်ထဲတွင် အမြဲအမှတ်တရရှိစေရန်နှင့် မျိုးဆက်သစ်လူငယ်များ အားကျအတုယူနိုင် စေရန်အတွက် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၆)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အတွင်းဝန်ရုံးတို့သို့ လာရောက်ဂါရဝပြုကြသည့်ပြည်သူများ၏ အမှတ်တရ စကားသံများကို ဖော်ပြလိုက်ပါသည်။        

                                                                             

ဦးထင်လင်း

(ညွှန်ကြားရေးမှူး

ပြည်ထောင်စုတိုင်းရင်းသား

လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး

ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး)

အရင်ကလည်း အတွင်းဝန်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။   ကျွန်တော့် ကျောင်းမှာ ရှိတဲ့ကလေးတွေကို အာဇာနည်နေ့နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိအောင်လို့ လာရောက် ပြသပေးတာဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ကျဆုံးခဲ့တဲ့ နေရာကိုလေ့လာပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို   အကောင်အထည်ဖော် ဆောင်ရာမှာလည်း ထိထိရောက်ရောက်    ဖြစ်စေလိုပါတယ်။ သူတို့   အခုလို လေ့လာရတဲ့အတွက်   ဗဟု သုတတွေရရှိစေမှာပါ။

ဒေါ်ဥမ္မာအောင်

(ညွှန်ကြားရေးမှူး

ရှေးဟောင်းသုတေသနနှင့်

အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်))

အတွင်းဝန်ရုံးဆိုတာ   အများလည်းသိရှိပြီးသား ဖြစ်ပါတယ်။    အတွင်းဝန်ရုံးမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတိုင်း ပြုပြည်ပြုလွှတ်တော်ဖြစ်ပါတယ်။ တိုင်းပြု ပြည်ပြုလွှတ်တော်အပိုင်းကိုတော့ အနော်မာ ကုမ္ပဏီက တာဝန်ယူပြီး ခင်းကျင်း ပြသထားပါတယ်။ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက် ဦးစီးဌာနအနေနဲ့ အမျိုးသားပြတိုက်(ရန်ကုန်)မှာ ထိန်းသိမ်းထားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ  ကျဆုံး စဉ်က ကျန်ခဲ့တဲ့ပစ္စည်း ၂၈ မျိုးကို အများ ပြည်သူတွေလေ့လာနိုင်အောင်   ပြသပေး ထားပါတယ်။ ပထမအခန်းမှာ အာဇာနည် ခေါင်းဆောင်ကြီးတွေ အစည်းအဝေးလုပ်ခဲ့တဲ့ မူရင်းစားပွဲခုံ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နဲ့သက်ဆိုင်ရာ သတင်းစာဖော်ပြချက်တွေ၊ ဈာပနဆိုင်ရာ မှတ်တမ်းဓာတ်ပုံတွေ၊     အသစ်ထပ်မံ ဖြည့်စွက်ထားတဲ့     အစည်း အဝေးတက်ရောက်သူ ၁၂ ဦးအနက် လွတ် မြောက်သွားသူ  လေးဦးရဲ့  လွတ်မြောက်နည်းတွေကို ဝန်ကြီးဟောင်း ဦးအောင်ဇံေ၀ရဲ့   မှတ်တမ်းကို  ဖော်ပြပေးထားပါတယ်။ ဒုတိယအခန်းမှာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျန်ခဲ့တဲ့ပစ္စည်း ၂၈ မျိုးကို အများ ပြည်သူ လေ့လာနိုင်အောင်  စီစဉ်ပြသပေးထားပါတယ်။   လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မျိုးဆက်သစ်အဆက်ဆက်က မေ့လျော့ခြင်းမရှိဘဲ အာဇာနည် ခေါင်းဆောင် ကြီးတွေအနေနဲ့     နိုင်ငံလွတ်လပ်ရေးရရှိ အောင် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ ကို  သိရှိမှတ်သားပြီး  လွတ်လပ်ရေးအဓွန့် ရှည်စေဖို့  ရည်ရွယ်ပြသပေးထားခြင်းဖြစ် ပါတယ်။ ဒါ့ပြင် အာဇာနည်ခေါင်းဆောင် ကြီးတွေ အသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုလည်း ထင်ရှားစွာ     တွေ့မြင်လေ့လာနိုင်စေဖို့

လက်ကမ်းစာစောင်တွေကိုလည်း ဝေငှသွား မှာပါ။

ဒေါ်အေးအေးကြူ

(အလယ်တန်းပြဆရာမ)

ကျွန်မကတော့ ဒေါ်အေးအေးကြူပါ။ ကျွန်မတို့ဒဂုံမြို့နယ်က ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ လာရောက်ဂါရဝပြုတာပါ။ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အတွင်းဝန် ရုံးကို    အရင်လေ့လာပြီး   နောက်ဆုံး အနေနဲ့  အာဇာနည်ဗိမာန်ကိုလာပြီး ဂါရ၀ ပြုတာပါ။ တိုင်းပြည်လွတ်လပ် ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစား ဂုဏ်ပြုတဲ့အပြင်    ကလေးတွေကိုလည်း သိစေချင်တဲ့စိတ်နဲ့ ပို့ပေးတာပါ။ ကိုယ့်နိုင်ငံ ဒီလိုမျိုးနေနိုင်အောင် အသက်စွန့်ပြီးတော့ လွတ်လပ်ရေးရအောင်      ယူသွားခဲ့တဲ့ လွတ်လပ်ရေးရဲ့  ဖခင်ကြီးဖြစ်တဲ့အတွက် လေးစားပါတယ်။    ကလေးတွေကိုလည်း ဒီလိုပဲလေးစားရမယ်၊  ဂါရဝပြုရမယ်ဆိုတဲ့ အသိကိုရစေချင်လို့ ဒီလိုစီစဉ်ပေးတာပါ။ ကိုယ့်အသက်အရွယ်နဲ့တောင်     အတွင်းဝန်ရုံးကို    မရောက်ဖူးပါဘူး။   ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ဆိုလည်း    သီးသန့်မသွား ဖြစ်ပါဘူး။ အခုလိုလာ ရတဲ့အတွက် လည်း     ကျွန်မအရမ်း ဂုဏ်ယူပါတယ်။    နောင်တစ်ချိန် ခေါင်းဆောင်တာဝန်ယူရ မယ့်လူငယ်တွေက ဒီလိုမျိုးနိုင်ငံ ချစ်တဲ့စိတ်ဓာတ်နဲ့    တစ်ထောင့်တစ်နေရာကနေ  ဒီနေရာအထိမရောက်ရင်တောင်    ကိုယ်ရောက်တဲ့ နေရာကနေ     ကိုယ့်တိုင်းပြည် အတွက် အကျိုးရှိအောင် ဆောင်ရွက်သင့် တယ်လို့ပြောချင်ပါတယ်။

ဦးတင်ထွန်း

ဦးလေးရဲ့ခံယူချက်က နိုင်ငံ့ခေါင်းဆောင်ကြီးတွေကျဆုံးသွားတာ စိတ်ထဲမကောင်း =ပါဘူး။ ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတာ  ကိုယ့်နိုင်ငံအတွက်  နစ်နာပါတယ်။ လူငယ်တွေအနေနဲ့လည်း    တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်တွေရှိရပါမယ်။ လူငယ်တွေအနေနဲ့ သမိုင်းကြောင်းကို မသိ နားမလည်ဘူးဖြစ်နေတယ်။  လူငယ်တွေအနေနဲ့    ကိုယ့်တိုင်းပြည်၊  ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့စိတ် အမြဲတမ်း မွေးမြူသင့်ပါတယ်။   ဦးလေးတို့အနေနဲ့ အာဇာနည်ဗိမာန် ဂိတ်တံခါးဝရောက်တာနဲ့ အရမ်းဝမ်းနည်းမိတယ်။ နိုင်ငံ့ခေါင်းဆောင် ကြီးတွေကျဆုံးခဲ့တဲ့အတွက်     တိုင်းပြည်နစ်နာဆုံးရှုံးခဲ့တာ စိတ်မကောင်းဖြစ်ရပါတယ်။ 

မအေးသန္တာထွန်း

ကျွန်မက လူငယ်တစ်ယောက်အနေနဲ့ အခုလို အာဇာနည်ခေါင်းဆောင်ကြီးတွေကို လာရောက် ဂါရဝပြုရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အာဇာနည်ဗိမာန်မှာ ဂါရဝပြုပြီးရင်   နတ်မောက် လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားရောက် လေ့လာမှာပါ။  အခုလိုမျိုး  လာရောက် ဂါရဝပြုခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိ ပါတယ်။ ဒီလိုမျိုး မမေ့မလျော့ဘဲ နှစ်စဉ် နှစ်တိုင်း လာရောက်ဂါရဝ ပြုနိုင်ဖို့ ရည်ရွယ် ပါတယ်။ အရင်နှစ်တွေက အခွင့်မသာလို့    မလာရောက်ခဲ့ရပါဘူး။  အခု  ပထမဆုံး အကြိမ် လာရောက်ဂါရဝပြုတာပါ။

မောင်ဝေမင်းထက်

(နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်))

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တက္က သိုလ်ကျောင်းသားဘဝရောက်မှ ပထမဆုံး လာရောက်လေ့လာတာပါ။ ပြတိုက်ကိုလေ့ လာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားတဲ့ အချိန်ကနေ  ကျဆုံးတဲ့အထိ အကြောင်း အရာမှတ်တမ်းတွေ၊   ဗိုလ်ချုပ်အသုံးပြုခဲ့ တဲ့ပစ္စည်းတွေ၊   နေထိုင်မှုဘဝတွေကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို   သိတတ်စအရွယ်ကတည်းက လေ့လာချင်ပေမယ့် သွားခွင့်မကြုံခဲ့ပါဘူး။ ဆရာ၊ ဆရာမတွေရဲ့စီစဉ်မှုနဲ့ လေ့လာခွင့်ရခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ကျောင်း သားဘဝမှာ    ဘယ်လိုတွေ လုပ်ဆောင်ခဲ့တယ်။ စစ်ပညာသင်တဲ့အချိန်ကနေ နိုင်ငံ အကြီးအကဲဖြစ်တဲ့အချိန်ထိ   လုပ်ဆောင် ခဲ့တဲ့အကြောင်းအရာတွေကို လေ့လာခွင့် ရခဲ့ပါတယ်။  အဲဒါကြောင့်  မျိုးဆက်သစ် ကျောင်းသားတွေကိုလည်း    လာရောက် လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

မရွှန်းလဲ့လဲ့ဝေ

(ရန်ကုန်ပညာရေးတက္ကသိုလ်)

သမီးက   ရန်ကုန်ပညာရေးတက္ကသိုလ်က   တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ အခုဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ကျောင်းက    ဆရာ၊   ဆရာမတွေရဲ့စီစဉ်ပေးမှုနဲ့ ပထမဆုံးအကြိမ် လာရောက်လေ့လာတာ ပါ။   အခုလိုလေ့လာတဲ့အခါ   ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၊ ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့တဲ့ကား၊ အသုံးအဆောင် ပစ္စည်းတွေ၊ ဟိုးအရင်က  လူနေမှုပုံစံတွေကို  သေချာ လေ့လာခွင့်ရခဲ့ပါတယ်။    အဲဒီအတွက် ကျောင်းသင်ခန်းစာကို အထောက်အကူပြုပါတယ်။   ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက် လေ့လာ ရတဲ့အတွက်  အပြင်မှာ မမြင်ဖူးတဲ့လေ့လာစရာတွေကို လေ့လာခဲ့ရ ပါတယ်။  ဗိုလ်ချုပ်သုံးခဲ့တဲ့ပစ္စည်းတွေကို ထိန်းသိမ်းထားတဲ့     တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိဘတွေအနေနဲ့လည်း    ကလေးတွေကို လာရောက်ပြသ စေချင်ပါတယ်။

သတင်းအဖွဲ့(ရန်ကုန်)