ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့် ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေးရှင်းလင်းပြသ

ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့် ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေးရှင်းလင်းပြသ

နေပြည်တော်၊ ဇူလိုင် - ၂၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ထားကိုးကွယ်မှုအခြေအနေများနှင့် ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေး ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌  ကျင်းပပြုလုပ် သည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊ မိတ်ဖက် ကုမ္ပဏီများမှအလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရာ၌ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာ ခိုင်မာထွန်းကားရေး၌လည်းကောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင်လည်းကောင်း တိုးတက်မှုရှိစေရေး ကျရာအခန်းကဏ္ဍ များမှ ပါဝင်ထမ်းဆောင် နေကြသူများဖြစ်ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည်တော်တွင် မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် နေသည့် အခြေအနေများကို ကြည်ညိုသဒ္ဓါပွားများနိုင်ရေး သိရှိရန်လိုအပ်သည်ဟု ယူဆသဖြင့် ယခုကဲ့သို့ ရှင်းလင်းပြသခြင်း ဖြစ်ပါကြောင်း၊ ဇွန်လ ၂၉ ရက်တွင်လည်း သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပထမအကြိမ် အဖြစ် ရှင်းလင်းခဲ့ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုလ ၈ ရက်နေ့တွင်လည်း ယာယီ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဋ္ဌေး၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ်အဖြစ် ရှင်းလင်းပြသ ခဲ့ပါကြောင်း၊ ယခုအကြိမ်သည် တတိယအကြိမ်အဖြစ် ကြည်ညိုသဒ္ဓါပွားများနိုင် စေရေး ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာ ယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ဝိနည်း တော်များနှင့်အညီ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ခိုင်မာသော အခြေခံရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မိမိတို့နိုင်ငံတွင် ခိုင်မာမှုရှိခြင်းကို ပြသနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်အဖြစ် ထေရဝါဒဗုဒ္ဓ သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်သာယာဝပြောမှုရှိမှုဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ် လာဘများ တိုးတက်စေရမည်၊ ပျော်ပျော်ရွှင်ရွှင်ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့် အရိပ်အာဝါသအောက်တွင်အားလုံး လုံလုံခြုံခြုံ အေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဆိုသည်မှာ ဗုဒ္ဓဘာသာ သာသနာတော်သည် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု မေတ္တာတရားကို အလေးထားသည့် ဘာသာတရားတစ်ခုဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာတရားကို အခြေခံ၍ ကမ္ဘာကို မေတ္တာတရားများ ပြန့်ပွားလွှမ်းခြုံသွားမည် ဆိုပါက ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာမှုဖြစ်စေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါ ကြောင်း။

မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက် တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း၊ အဆိုပါကျောက်တော်ကြီးကို တူးဖော်ရရှိရေးကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးဆောင်ရွက်ပြီး တွက်ချက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အောက်တို ဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၅၄ ပေ၊ ထု ပေ၂၀ ရှိ အရည်အသွေး A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည် ပုံဖော်နိုင် ခဲ့ကြောင်း၊ ဆင်းတုတော် ထုဆစ်ရန်အတွက် တွက်ချက်ဆောင်ရွက်ရာတွင် အချို့ ကျောက်သား နေရာများတွင် လိုအပ်ချက်များရှိခြင်းကြောင့် ကျောက်သားများ ထပ်မံ ထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။

ဆင်းတုတော်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌ ခေတ်အလိုက် တည် ထားဆောင်ရွက်ခဲ့သည့်ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ် ဟန် ဘူမိဖဿ ပုံစံဖြင့်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ၁၈၈၅ ခုနှစ်တွင် မြန်မာပြည်လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ၁၈၈၆ ခုနှစ်၊ ဇန်န ဝါရီလ ၁ ရက်နေ့ မှစတင်၍ မိမိတို့နိုင်ငံ၏ သမိုင်းမှာအဆက်ပြတ်သွားခဲ့ ကြောင်း၊ ၁၉၄၈ ခုနှစ် မှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ကြောင်း၊ ကိုလိုနီဖြစ်ခဲ့သည့် ကာလ အတွင်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများအဆက်ပြတ်သွားခဲ့ခြင်းကြောင့် နောက်ဆုံးကျန်ရှိ ခဲ့သည့် ယဉ်ကျေးမှုကိုယူရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကြီးထုဆစ်ပူဇော်ရန်စဉ်းစားရာတွင် ဉာဏ်တော်ကို အဓိကထား ပြီး သတ်မှတ်ထားသည့် ထုံးတမ်းအစဉ်အလာများပေါ်မူတည်၍ လိုအပ်သည့် ပလ္လင်တော်နှင့် ဒူးတော်နေရာများအတွက် စကျင်ကျောက်များ ထပ်မံရရှိရေးဆောင် ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီး ထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများ ရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့ သယ်ဆောင်နိုင်ရေး အတွက် အသေးစိတ်လိုက်လံ ကြည့်ရှုခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ကျောက်တုံးတော် ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ သယ်ယူချိန်တွင်လည်း ထုထည်ပမာဏကြီးမားခြင်း ကြောင့် အခက်အခဲများကြားမှ ပင့်ဆောင်ခဲ့ရကြောင်း၊ စကျင်တောင်မှ သယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာ တွင်လည်း တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော် (ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ်ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်း အရှည် ၄၅၈၃ ပေ ဖောက်လုပ်ဆောင်ရွက်ခဲ့ရကြောင်း၊ အလားတူ ဆီမီးခုံဆိပ် ကမ်းသို့လည်း ရေယာဉ်များဆိုက်ကပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရကြောင်း။

၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့် ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်၍ပင့်ဆောင်ခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီး များ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့်ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ၉ ကြိမ်ပင့် ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခဲ့ရကြောင်း၊ ရေလမ်းခရီးဖြင့် စကျင် ကျောက်တုံးကြီးကိုသယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ် ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက် တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူပင့်ဆောင်နိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်း အား အသစ်ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင် ပင့်ဆောင်ခဲ့ကြောင်း၊ ထိုသို့ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်း နှင့်လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့ကြောင်း၊ ကျောက်တော်ကြီး များပင့်ဆောင်သည့် အချိန်သည် ကိုဗစ်ကာလဖြစ်ပွားနေချိန်နှင့်နိုင်ငံရေးအရအကြပ် အတည်းများ ဖြစ်နေဖြစ်သဖြင့် အချို့မှာ ကျောက်တော်ကြီးများ ပင့်ဆောင်မှုကို အသေးစိတ်သိရှိမှုနည်းပါးကြကြောင်း။

ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း၊ ထိုသို့သယ်ယူ ရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမဏီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္တုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ် ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကိုပေးအပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော ရေလမ်းခရီးသယ် ဆောင် မှုနှင့် အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း။

ဘုရားကြီးတည်ထား ကိုးကွယ်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍  ခမ်းခမ်းနားနားထင်ထင်ပေါ်ပေါ်ရှိစေရေး တည်ဆောက်ရန်ရည်ရွယ် ဆောင်ရွက်ခဲ့ ကြောင်း၊  ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျဖြင့် အကွက်ချတွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော် ကြီးများထံမှလည်း ဩဝါဒခံယူခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်း ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language ဖြင့်ရေးထိုးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကို လည်း ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ “မာရဝိဇယ” ဟူ သည့် ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း။

ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Languageတို့ဖြင့် ကျောက်ထပ် အက္ခရာတင်ရေးထိုးနိုင်ရေးနှင့် ကျမ်းစာအုပ်များပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ရာ တွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျမ်းစာအုပ်များရိုက်နှိပ်ရာ တွင်လည်း အရည်အသွေးကောင်းမွန်သည့် စက္ကူများဖြင့် ရိုက်နှိပ်ခြင်းဖြစ်ကြောင်း၊ အလားတူ အဆိုပါပိဋကတ်သုံးပုံအား Application ဖြင့်ထည့်သွင်း၍ Tablet များတွင် ဖတ်ရှုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းပိဋကတ်ကျမ်းစာများကို ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ် ကြောင်း။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်အစီအစဉ်များ အဆင့်ဆင့်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင် ရွက်ပြီး မန္တလေးနန်းတော် မင်္ဂလာတံတားပုံစံ တံတားတစ်စင်းကိုလည်း ထည့် သွင်းတည်ဆောက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့် နေရာတွင် တန်ချိန် ၂၀၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန် အတွက် ဘိုးပိုင်များရိုက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်အစိတ်အပိုင်းများ ပင့်ဆောင် နေရာချထားခြင်းနှင့်တွဲဆက်ခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်အစိတ်ပိုင်းများကို ထုဆစ်ရာတွင်လည်း CNC စက်ကြီးများဖြင့် ထုဆစ်ခဲ့ ခြင်း ဖြစ်ကြောင်း။

 ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ တူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး သတ္တဌာန ၇ နေရာ၏ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ အောင်မြေဌာနပေါင်း ၃၅ ဌာနတို့မှ အောင်မြေများကို ထည့်သွင်းပူဇော်ခဲ့ပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ် စေရေး ရေပန်းရင်ပြင်တည်ဆောက်ခြင်းနှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့်တည်ဆောက်ခဲ့ကြောင်း၊ အလားတူ သုဓမ္မာဇရပ် များတည်ဆောက်ရာတွင် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူ မပျက် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်မည်ဖြစ် ကြောင်း၊ ဆင်းတုတော်ကြီးအားထုဆစ်ရာတွင်လည်း ကိုးပေအရွယ်ရှိသည့် ကျောက်ဆစ် ရုပ်ပွားတော်ကို နမူနာထုဆစ်၍ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း နမူနာဆင်းတုတော်ကြီးကိုလည်း အပိုင်းလိုက် ခွဲ၍ CNC စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း။

မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်း နှင့်ပတ်သက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယဆရာ တော်ကြီးများရှိရန် လိုအပ်သဖြင့် မာရဝိဇယကျောင်းတော်ကို တည်ဆောက်ခဲ့ကြောင်း၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတည်ထားရာတွင်လည်း ဩဝါဒါစရိယဆရာတော်ကြီး များ၏ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထ ဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌကထာ စသည့် ပိဋကတ် တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျည်းပင် ၃ ပင်ကိုလည်း စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း။

ဆင်းတုတော်အပိုင်းများတွဲဆက်ခြင်းများကို အခက်အခဲများကြားမှ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ ရွှေ့ပြောင်းရာတွင်လည်း အမှား အယွင်းများမရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်ချိန်တည်း၌ပင် ရုပ်ပွားတော်မြတ် ကြီး၏ ရှေ့မျက်မှာမူရာတည့်တည့်၌ ကျောက်စာရုံစေတီများ တည်ဆောက်ရေးကို လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်စာရုံစေတီများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညိုနိုင်ရေး အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ကျောက်စာရုံ စေတီတော်များကို မန္တလေးမြို့၊ မဟာကုသိုလ်တော်ဘုရားကျောက်စာရုံများ ပုံစံယူ၍ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာများရေးထိုးရာတွင်လည်း မှားယွင်းမှုမရှိ စေရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် သီတဂူ သာသနာ့တက္ကသိုလ် တို့မှ ပါမောက္ခချုပ် များဦးဆောင်မှုဖြင့် ဆရာတော်ကြီးများမှ နေ့စဉ်တည်းဖြတ်၍ စနစ်တကျမှတ်တမ်း တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ရာ တွင်လည်း‌ မြေနေရာခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက် စာချပ်များအားလုံး အချိန်မီ ရေးထိုးပြီးစီးနိုင်ရေး CNC စက်များဖြင့် ရေးထိုးဆောင် ရွက်ခဲ့ပြီး အမှားအယွင်းမရှိစေရေးအတွက်လည်း အကြိမ်ကြိမ် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများအနေဖြင့် ဗုဒ္ဓမြတ်စွာ ဘုရား၏ နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများကို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် တစ်ပါတည်း လေ့လာ နာယူ ကြည်ညိုနိုင်ရေးအတွက် ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာမူရာရှေ့တူရှုအရပ်တွင် တည်ဆောက်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့်ကျောက်စာရုံ၌ ပိဋကတ်သုံးပုံကျမ်းစာများကို လေ့လာ သည်ဖြစ်စေ ကျောက်စာရုံများမှ ထွက်သည့်အခါ၌ ဘုရားကြီး၏ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ရေး စနစ်တကျ တွက်ချက်တည်ဆောက်ထားသည် ဖြစ် သကဲ့သို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူ ရာတွင် တည်ရှိနေမည်ဖြစ်ကြောင်း။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာ တွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ အလားတူ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပပညာရှင်များလုံးဝပါရှိခြင်းမရှိ ကြောင်း၊ တန်ချိန်ပေါင်း ၁၇၀၀ ရှိသည့် ဆင်းတုတော်အပိုင်း(၁၊၂၊၃) တို့တွဲဆက်ထား သည့်အပိုင်းအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သံမဏိ ပန်းတောင်းကိုအသုံးပြုခဲ့ရကြောင်း၊ ဆင်းတုတော်အပိုင်းများ ထည့်သွင်းထားသည့် သံမဏိပန်းတောင်းကို တန်ချိန် ၁၅၀၀ ရှိသည့် သံမဏိမျှော်စင်ကြီးနှင့် တန်ချိန် ၂၅၀ ရှိ အထောက်အကူပြုသံမဏိစင်ကို အသုံးပြု၍ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ပင့်ထောင် ခြင်းလုပ်ငန်းများနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို အမှားအယွင်းများမရှိစေရေး  ခက်ခက်ခဲခဲဖြင့်ဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း။

ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော်အပိုင်း (၁၊ ၂ ၊ ၃) တို့အား ရတနာပလ္လင် တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊  ဇန်နဝါရီ ၂၇ ရက်တွင် ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်၌ ရတနာပလ္လင်တော်ထက်တွင် ဒုတိယအကြိမ် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များကကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက်ရတနာ ဌာပနာတော်ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ ကြောင်း။

သာသနာ့ဗိမာန်နှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည် ဆောက်ခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးသည် သိမ်သမုတ်ထားသည့် သိမ်တော် ကြီးတစ်ခုဖြစ်ကြောင်း။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်မှုအချောသပ်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ကြောင်း၊ ဥဏ္ဏလုံမွေးရှင်တော်မြတ်ကိုလည်းတပ်ဆင်ပူဇော် ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀၀၀၀ အထိခံနိုင်သောအောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိ သည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ် နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင် နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည်ဆောက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောင်းတုံးတော်ကြီးများကိုတွဲဆက်ခြင်းများဆောင်ရွက်ရာတွင်လည်း သမားရိုးကျ နည်းလမ်းများနှင့် ခေတ်မီနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ် ကြောင်း။

ရင်ပြင်တော်ကြီး တည်ဆောက်ရေးနှင့်ပတ်သက်၍ မြက်ခင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း၊ ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များ အသုံးပြု၍ မန္တလေးမြို့၊ အတုမရှိကျောင်းတော်၏ ပုံစံအတိုင်း အဆောင်တစ်ခုနှင့် တစ်ခု အနုလက်ရာများလုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူး လာပြည်သူများအနေဖြင့် နေပူပြင်းသည့် အချိန်များတွင် ဂန္ဓာကုဋိတိုက်တော်များ အတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားခြင်းဖြစ် ကြောင်း၊ တံခွန်တိုင်နှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်တို့ကိုလည်း ထည့်သွင်း တည်ဆောက်ထားပါကြောင်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင် တော်ပေါ်သို့ တက်ရောက်နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည် ဆောက်ထားရှိကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ ရရှိသည့် ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ ဘုရားကြီး၏ ဘယ်ဘက်နှင့် ညာ ဘက်တို့တွင် လုမ္ဗိဏီအင်ကြင်းတောနှင့် ဘုရားကြီး၏ အနောက်ဘက်တွင် လင်းလွန်း ပင်နှင့် လုမ္ဗိဏီအင်ကြင်းပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြော ကြားပြီး ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအဆင့်ဆင့်တိုးတက်လာမှုအား Drone ဖြင့် ရိုက်ကူးထားရှိမှုမှတ်တမ်း Video Clip နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ကြီးတည်ဆောက်ပြီးစီးပါက ဖူးမြော်မြင်တွေ့ရမည့် အခြေ အနေများကို အထူးပြုလုပ်ချက် Video Clip ဖြင့်ရှင်းလင်းပြသပြီး ကမ္ဘာပေါ်ရှိထိုင် တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကို တည်ဆောက်ခဲ့ရာတွင် အခက်အခဲများစွာကြားမှ နေ့ညမအားကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ပါဝင်ခဲ့ကြသည့် ဆရာတော်ကြီး များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ တပ်မတော်အင်ဂျင်နီယာပညာရှင်များနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ယနေ့ နံနက်ပိုင်း၌ ထိုက်တန်သည့် ဘွဲ့တံဆိပ်၊ ဆုတံဆိပ်များအား ဂုဏ်ပြုချီးမြှင့်သည့် အမိန့် စာကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယခုတက်ရောက်လာကြသူများ အနေဖြင့် အမျိုး ဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏လူမှုစီးပွားဘဝ တိုးတက် ရေး အတွက်သော်လည်းကောင်း တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ထမ်းဆောင် နေကြသူ များ၊ နိုင်ငံ့ဂုဏ်ကိုဆောင်နေကြသူများဖြစ်သဖြင့် အသိပေးသင့်သည်ဟု ယူဆ၍ ယခု ကဲ့သို့ အသေးစိတ်ရှင်းလင်းပြသပေးခြင်းပင်ဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်နေမှုကို သိရှိရခြင်းဖြင့် ကုသိုလ်သဒ္ဒါများပွားနိုင်စေရန် ရည်ရွယ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အသီးသီးလက်ခံရယူသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက်ခြင်းအတွက် ယနေ့တက်ရောက်လာကြသူများ၏ လှူဒါန်းမှု အနေဖြင့် စေတနာရှင်အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ (ငွေကျပ် ၁၇၄၁၅ သန်း) ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်း အနားသည် အမျိုးဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏လူမှု စီးပွားဘဝတိုးတက်ရေးအတွက်သော်လည်းကောင်း တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ထမ်း ဆောင်နေကြသူများ၊ နိုင်ငံ့ဂုဏ်ကိုဆောင်နေကြသူများဖြစ်သဖြင့် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် တည်‌ဆောက်နေမှုများကို ရှင်းလင်းပြသခဲ့ခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေများ၏ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းမှုများကိုလည်း စနစ်တကျ မှတ်တမ်း တင်ရှိပါကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ အခမ်း အနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက်တုံးတော်ကြီးကို စတင်လှူဒါန်း သည်မှ အနေကဇာတင်လှူခြင်းမပြုမီအထိ လှူဒါန်းကုသိုလ်ပြုမှုများသည် ကုသိုလ်ကို အစပြုထူထောင်ကြသူ (Founder) များပင်ဖြစ်ပါကြောင်း၊ မကြာမီကျင်းပသွားမည့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်လှူခြင်းနှင့် ကျောက်စာရုံစေတီများ ထီးတော်တင်လှူ ခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီးနောက်မှ ကြည်ညိုသဒ္ဒါပွားများ စိတ်ဖြင့် လှူဒါန်းမှုကုသိုလ်များမှာ ကုသိုလ်ဆက်အလှူပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဓါ ဘိသေကာ အနေကဇာတင်လှူခြင်း မဟာမင်္ဂလာ အခမ်းအနားသို့ စေတနာရှင်အလှူ ရှင်များ တက်ရောက်နိုင်ရေးအတွက်လည်း ဖိတ်ကြားအပ်ပါကြောင်း၊ ယနေ့ရှင်းလင်းပွဲ သို့ အချိန်ပေး၍တက်ရောက်ခဲ့ပြီး  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုး ကွယ်မှုအပေါ် ကြည်ညိုသဒ္ဒါစိတ်များ ဖြစ်ပေါ်၍ လှူဒါန်းကုသိုလ်ယူမှုများအတွက် လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီး နှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်း ထည့်သွင်းထားရှိမှုများကို ကြည့်ရှုကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ထားကိုးကွယ်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်း လင်း ပြောကြားသည်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိသည်။