ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ

    ထိုင်းနိုင်ငံရှိ  မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ   အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ ကြောင်း သိရသည်။

ပေါက်ကွဲမှုသည်   ဇူလိုင် ၂၉ ရက် နှောင်းပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၁၈ ဦးအနက်အများစုမှာ မီးလောင် ဒဏ်ရာများ ရရှိခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင်   အဆိုပါပေါက်ကွဲမှုကြောင့်  လူနေအိမ်ခြေ ၂၀၀ ကျော်နှင့် ဈေးတစ်ခုတို့သည်လည်း  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားကြောင်း    ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။

ပေါက်ကွဲမှုသည်  မလေးရှားနိုင်ငံနှင့် နယ်စပ်အနီး   ဆုငိုင်ကိုလော့မြို့ရှိ မီးရှူးမီးပန်းစက်ရုံ၏ ကုန်လှောင်ရုံ၌ဖြစ်ပွားခြင်း ဖြစ်ပြီး ထိုအချိန်က ဆောက်လုပ်ရေး လုပ်ငန်းများကို  လုပ်ဆောင်နေချိန်ဖြစ်ကြောင်း ပြည်တွင်းသတင်း ဌာနတစ်ခုက ဖော်ပြထားသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများ အရ ပေါက်ကွဲမှုသည် သံမဏိတန်းများကို ဝရိန်ဆော်ရာမှ ထွက်လာသည့်  မီးပွားတစ်စသည် မီးရှူးမီးပန်း သေတ္တာကို လာစဉ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် မီးလောင်မှုများကို အချိန်တစ်နာရီခွဲယူ၍ ငြှိမ်းသတ် လိုက်ရကြောင်း တာဝန်ရှိသူများကပြောသည်။