သြစတြေးလျနိုင်ငံ၌ သီတင်းပတ်နှစ်ပတ်အတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု အနည်းဆုံး ပမာဏဖြစ်လာသည့် သြဂုတ် ၁၀ ရက်သည် ထိုနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အများဆုံးရက်ဖြစ်လာကြောင်း သိရသည်။
ဒုတိယအကျော့ဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားရာ ဗစ်တိုးရီးယားပြည်နယ်၌ သြဂုတ် ၁၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
သို့သော် တစ်နိုင်ငံလုံး၌ သြဂုတ် ၁၀ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၃၇ ဦးသာ ရှိသည့်အတွက် ဇူလိုင် ၂၉ ရက် နောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်သည်။ ထို့ကြောင့် သြစတြေးလျနိုင်ငံသည် ဒုတိယအကျော့ ဗိုင်းရပ်ကူးစက်မှုကို မကြာမီထိန်းချုပ်နိုင်တော့မည့် အလားအလာရှိနေသည်။
တစ်နိုင်ငံလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၂၁၀၀၀ ခန့်နှင့် သေဆုံးသူ ၃၁၄ ဦးသာရှိသည့် သြစတြေးလျနိုင်ငံ သည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဗိုင်းရပ်ကူးစက်မှုနှင့် သေဆုံးမှုပမာဏ အလွန်နည်းပါးကြောင်း သိရသည်။
Ref: The Straits Times