ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုက နောက်ထပ်တစ်နှစ် ကြာဦးမည်ဟု ဘေဂိတ်ယူဆ

နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုအတွက် ကာကွယ်ဆေးသည် မကြာမီအချိန်တွင် ထွက်ပေါ်လာနိုင်သော်လည်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကမူ အနည်းဆုံး နောက်ထပ်တစ်နှစ်ကြာဦးမည်ဟု ယူဆကြောင်း  စေတနာရှင်သူဌေးကြီး ဘေဂိတ်ကပြောသည်။

ချမ်းသာသော နိုင်ငံများအနေဖြင့် ထိုကပ်ရောဂါကို ၂၀၂၁ ခုနှစ်အကုန်ပိုင်းမှသာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်  ၂၀၂၂ ခုနှစ်အကုန်ပိုင်းမှသာ    ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဘေဂိတ်က  Wired မဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းခန်း၌ ပြောသည်။

ထိုသို့ကြာမြင့်ရသည့် အကြောင်းရင်းမှာ ကာကွယ်ဆေးအသစ်ဖော်စပ်မှု အတိုင်းအတာနှင့် အကျိုးရှိမည့် ကုထုံးများကြောင့် ဖြစ်ကြောင်း   ၎င်းကဆက်ပြောသည်။

ဘေဂိတ်နှင့် ၎င်းင်း၏ဇနီးတို့ ထူထောင်ထားသည့် ဂိတ်ဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ဝင်ငွေနည်း နိုင်ငံများသို့ ကာကွယ်ဆေးများ ဖြန့်ချိပေးနိုင်ရေးအတွက် ဒေါ်လာသန်း ၁၅၀   အသုံးပြုသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် အိန္ဒိယသွေးရည်ကြည်အဖွဲ့နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးမဟာမိတ်အဖွဲ့ကလည်း ဆေးတစ်လုံးလျှင် ၃ ဒေါ်လာခန့်မှန်းကုန်ကျမည့် ဗိုင်းရပ်ကာကွယ်ဆေးအလုံးရေ အနည်းဆုံး   သန်း ၁၀၀ ကို ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ref: Sputnik