သောက်သုံးရေပြတ်လပ်မှုကြောင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို အားနည်းစေဟုဆို

ကမ္ဘာပေါ်ရှိလူငါးဦးတွင် နှစ်ဦးသည် သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းကို      အားနည်းစေကြောင်း ကုလသမဂ္ဂ ရေအရင်းအမြစ်အဖွဲ့က ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် အခြေခံအကျဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ချက်မှာ မကြာခဏလက်ဆေးခြင်း ဖြစ်သည်။

သို့သော်    လူပေါင်းသုံးဘီလီယံခန့်မှာ နေအိမ်၌ လက်ဆေးရန် ရေနှင့်ဆပ်ပြာပင် မရှိကြောင်းနှင့် လူပေါင်းလေး ဘီလီယံမှာ တစ်နှစ်လျှင်အနည်းဆုံး တစ်လခန့်က ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး မလုပ်နိုင်သော ပြည်သူများ၏ဘဝမှာ အလွန်ဆိုးဝါးကြောင်းနှင့် နှစ်ပေါင်းများစွာကြာ ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်ကို လက်ပိုက်ကြည့်နေရကြောင်း ကုလသမဂ္ဂရေ အရင်းအမြစ်ဌာနမှူး ဂေဘာ့ဟောင်ဘိုက ပြောသည်။

တစ်ကမ္ဘာလုံးအနေဖြင့် ရေအရင်းအမြစ်အတွက် ၂၀၃၀ ပြည့်နှစ်အရောက်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ထရီလီယံ

အထိသုံးစွဲရမည် ဖြစ်ကြောင်း၊ ထိုကိစ္စသည် လတ်တလော လိုအပ်ချက်အတွက်သာမက ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရန်ဖြစ်ကြောင်း ဂေဘာ့ဟောင်ဘိုက ပြောသည်ဟု သိရသည်။  

Ref: Bloomberg