ဗန်းမော်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ချေးငွေထုတ်ချေးပေး

ဗန်းမော်၊ ချေးငွေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စတုတ္ထအကြိမ်မြောက် ကွင်းဆင်း ထုတ်ချေးခြင်းကို စင်းခန်းကျေးရွာအုပ်စု စင်းခန်းကျေးရွာ၌ နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ချေးပေးကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  ၃၈  ဦး၊  မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇၀၊ ရေလုပ်ငန်းလုပ်ကိုင်သူသုံးဦး  စုစုပေါင်းစီမံကိန်းဝင် အသင်းသား ၁၁၇ ဦးတို့ကို အတိုးအရင်းပေါင်း ကောက်ခံရရှိငွေ ငွေကျပ်  ၆၂ ဒသမ ၃၄ သန်းအနက် ငွေကျပ် ၄၆ ဒသမ ၁၇ သန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ အသင်းသားများ လက်ဝယ် အရောက် စနစ်တကျ ထုတ်ချေးပေးကြောင်း သိရသည်။

ရန်ကင်း