မင်းကွတ်သီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

မင်းကွတ်သီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

    ကရင်ပြည်နယ်   သံတောင်ကြီးမြို့၌   ဒေသခံပြည်သူများသည်  ဥယျာဉ်ခြံ လုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး ၁၅ နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မေလမှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ် တစ်ပင်လျှင် အသီးအလုံးရေ ၁၀၀ မှ ၃၀၀ အထိနှင့် အပင်ကြီးတစ်ပင်လျှင် အသီးအလုံးရေ ၄၀၀ မှ ၈၀၀ အထိ  အသီး ထွက်ရှိကြောင်း သိရသည်။

အဆိုပါမင်းကွတ်သီးစိုက် တောင်သူများသည်  မင်းကွတ်သီးများကို   မြို့ပေါ်သာမက တောင်ငူမြို့ရှိ သီးနှံအဝယ်ဒိုင်များထံ ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ် မူတည်၍ မင်းကွတ်သီးတစ်လုံးလျှင် ငွေကျပ်  ၂၀၀  မှ ၃၀၀  အထိရရှိကာ    မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။