နတ်တလင်းခရိုင်အတွင်း ဆီထွက်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

နတ်တလင်းခရိုင်အတွင်း ဆီထွက်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

    ပဲခူးတိုင်းဒေသကြီး  နတ်တလင်းခရိုင် အတွင်း မိုးသီးနှံများကို မေလ ဒုတိယပတ်မှ စတင်၍စိုက်ပျိုးခဲ့ရာ ယခုအခါ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မိုးသီးနှံစိုက်ပျိုးကြသည့် တောင်သူများထံမှ သိရသည်။

ထို့ပြင်  နတ်တလင်းခရိုင်အတွင်း မိုးသီးနှံများအနက်    ဆီထွက်သီးနှံများ ဖြစ်သော  မိုးနှမ်း၊ မိုးမြေပဲ၊ မိုးနေကြာများကို လျာထားဧကထက်  ကျော်လွန်၍ စိုက်ပျိုးလျက်ရှိသည်။

ထိုသို့စိုက်ပျိုးရာတွင်   ဆီထွက်သီးနှံ လျာထားဧကပေါင်း   ၄၆၁၂၈  ဧကရှိပြီး မိုးနှမ်းအမျိုးအစားများ ဖြစ်သော ရိုးစိမ်း၊ စုံတတ်၊ မကွေးဖြူ၊ စိန်ပတ်လည်မျိုးတို့ ကို ၃၀၁၂၇ ဧက၊ မိုးမြေပဲအမျိုးအစား များဖြစ်သော ဆင်းပဒေသာ(၁၁)၊မကွေး (၁၂)၊ ဗီယက်နမ်မျိုး   ၁၆၅၆၄ ဧကနှင့်   မိုးနေကြာ  အမျိုးအစားများ ဖြစ်သောဆင်းရွှေကြာ (၂ ) ၅၅ ဧကတို့ကို စိုက်ပျိုးထားရှိရာ    အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။