ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်

ရွေးကောက်တင်မြှောက်ခံရသူများ၏အမည်စာရင်းကြေညာ

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ရက်စွဲဖြင့် ကြေညာချက်အမှတ်(၂၂၃/၂၀၂၀၊ ၂၂၄/၂၀၂၀၊ ၂၂၅/၂၀၂၀၊ ၂၂၆/၂၀၂၀၊ ၂၂၇/၂၀၂၀၊ ၂၂၈/၂၀၂၀)တို့အား ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက် များတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ၌ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၉(ခ)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၉(ခ)နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)တို့နှင့်အညီ ထုတ်ပြန်ကြေညာ ချက်များအရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ကြောင်း သိရသည်