ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၂၁၂ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၁၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ         ၁၂၁၂ ဦးနှင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရသည်။

(၁၀-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၆၆ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၀-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၁၁-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၁၅၅၃၄  ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၂၁၂ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။