ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၀၀ ကျော် ရရှိထား

ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၀၀ ကျော် ရရှိထား

    ရန်ကုန်မြို့ရှိ ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာ ကာလအတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၀၀ ကျော်ရရှိထား ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

ထိုသို့   အရောင်းအဝယ်ဖြစ်ရာတွင် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ် တာကာလအတွင်း စတော့ရှယ်ယာအစောင် ရေ ၇၄၀၆၈  စောင်မှ  စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၂၃၆၈၁၈၉၀၀ အရောင်း အဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌   စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ သြဂုတ် ၁၄  ရက်မှ  ၁၈  ရက်အထိ   တစ်ပတ်တာကာလအတွင်း   အရောင်းအဝယ်ပြုလုပ်သော စာရင်းများမှာ  First  Myanmar Investment Public Co.,Ltd. (FMI) သည်  စတော့ရှယ်ယာ အစောင်ရေ  ၆၁၉၈  စောင်မှ  စတော့ ရှယ်ယာတန်ဖိုး  ငွေကျပ်     ၅၄၉၃၆၆၀၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။

Myanmar Thilawa SEZ Hold-ings Public Co.,Ltd. (MTSH) သည် စတော့ရှယ်ယာ အစောင်ရေ    ၃၉၆၂၈  စောင်မှ  စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၁၂၃၄၃၈၇၀၀   အရောင်းအဝယ်ဖြစ်ခဲ့သည်။

Myanmar Citizens Bank Ltd. (MCB) သည် စတော့ရှယ်ယာအစောင် ရေ ၂၄၆ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၉၄၁၄၀၀ အရောင်းအဝယ်ဖြစ် ခဲ့သည်။

First Private Bank Ltd. (FPB) သည် စတော့ရှယ်ယာအစောင်ရေ ၅၂၄၁ စောင်မှ   စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၈၆၂၃၉၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

TMH Telecom Public Co.,Ltd. သည် စတော့ရှယ်ယာအစောင်ရေ  ၃၆၁ စောင်မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၈၅၅၁၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Ever Flow River Group Public Co.,Ltd. (EFR)သည် စတော့ရှယ်ယာ အစောင်ရေ  ၉၆၃၈  စောင်မှ  စတော့ ရှယ်ယာတန်ဖိုး   ငွေကျပ်    ၂၂၂၂၅၀၀၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။

Amata Holding Public Co.,Ltd. (AMATA) သည် စတော့ရှယ်ယာအစောင် ရေ ၅၆ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၂၇၅၄၀၀ အရောင်းအဝယ်ဖြစ်ခဲ့ သည်။

Myanmar Agro Exchange Public Co.,Ltd. (MAEX) သည် စတော့ရှယ်ယာ အစောင်ရေ ၁၂၇၀၀ မှ စတော့ရှယ်ယာ တန်ဖိုး ငွေကျပ် ၂၄၅၂၂၇၅၀ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။