နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

ယမန်နေ့မှအဆက်

Global Business သတင်းဌာနမှ ဒေါ်ပိုးသိင်္ဂီကျော်က ယခုကဲ့သို့ ကြီးမားသည့် အကြောင်းအရာ များထဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပို့ကုန်များမြှင့်တင်ရန် အားပေးနေသည်ကိုလည်းတွေ့ရပါကြောင်း၊ ပို့ကုန်သမားများသည် နိုင်ငံ့ဝင်ငွေရှာသည့် သူများဖြစ်သည့်အတွက် အားပေးသင့်ကြောင်း၊ သို့သော် မိမိတို့အမြင်မှာ လက်တွေ့ တွင်   သွင်းကုန်သမားများသည်လည်း နိုင်ငံခြားငွေဝယ်ခွင့်ရှိပါကြောင်း၊ သွင်းကုန် များသွင်းကြကြောင်း၊ ပို့ကုန်သမားများသည်ရငွေကို ယခင်က ၆၅ ရာခိုင်နှုန်း၊ ယခု ၅၀ ရာခိုင်နှုန်း အစိုးရဈေးနဲ့လဲလှယ်ရပါကြောင်း၊ အကျိုးခံစားမှုနည်းတယ်ဆိုသည့် အသံတွေလည်းကြားရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး   ပို့ကုန်သမားများကို ဖြေလျှော့ပေးရန်  ရှိ/မရှိနှင့် အစိုးရ၏သဘောထားကို သိရှိလိုကြောင်း၊ လက်ရှိမှာ အခြေခံစားကုန်တွေဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အပါအဝင် အသား၊ ငါးဈေးတွေလည်းမြင့်တက်နေပြီး စက်သုံးဆီ၊ ဒီဇယ်ဈေးတွေလည်းတက်၊ ရွှေဈေး ဒေါ်လာဈေးတွေလည်း မြင့်တက်နေပါကြောင်း၊ အဲဒီအပေါ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကဏ္ဍတစ်ခုချင်းစီအလိုက်ဈေးနှုန်းများကျပြီး ပြည်သူတွေ အဆင်ပြေလာစေရန် မည်သို့ဆောင်ရွက ်ပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ပို့ကုန်သွင်းကုန်ကိစ္စကို မိမိအနေဖြင့် ကနဦး ပြောသွားသည့်အထဲတွင် ပါပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းလည်းပြောသွားပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် လည်းပြောသွားပါကြောင်း၊ သွင်းကုန်သမားများကို  မိမိတို့အနေဖြင့် မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ဖြစ်သည့် ဆီ(၂)ဆီသည် မိမိတို့နိုင်ငံတွင်  လုံလောက်မှုမရှိကြောင်း၊ စားသုံးဆီ၊ စက်သုံးဆီ အမှန်တကယ်လိုအပ်ကြောင်း၊ ဆေးဝါးဆိုလျှင် သွင်းကုန်သမားများအနေဖြင့်   အထူးအခွင့်အရေးပေးထားကြောင်း၊ ထိုသို့ဆောင်ရွက်ပေးထားရာတွင် ပို့ကုန်သမားများအတွက် ယခင်က ၁၀၀ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့်ပြန်လဲရကြောင်း၊ ၆၅၊ ၃၅ ဖြေလျှော့ကြောင်း၊ ယခုနောက်ဆုံး ၅၀၊ ၅၀ ဖြေလျှော့ခဲ့ကြောင်း၊ ၎င်းင်းငွေထဲမှ ၅၀၊ ၅၀ ဖြေလျှော့သည့်အခါမှာ ၅၀ ရာခိုင်နှုန်းသည် သတ်မှတ်ရည်ညွှန်းဈေး ၂၁၀၀ ကျပ်ဈေးဖြင့်အစိုးရကိုသွင်းရကြောင်း၊ နောက်ထပ် ၅၀ ရာခိုင်နှုန်းကျန်သည့် ငွေများကို ပို့ကုန်သမားနှင့် သွင်းကုန်သမားများမချိတ်ဆက်နိုင်ပါက ဘဏ်ကိုပြန်သွင်းရကြောင်း၊ ၎င်းတို့ထံမှ ပြန်ဝယ်သည့်ဈေးသည် ၂၉၀၀ ဈေးဖြင့်ဝယ်ကြောင်း၊ ၂၉၂၂ ကျပ်ဖြင့်ပြန်ရောင်းပေးကြောင်း၊  သို့သော် ပြည်သူလူထုကို နားလည်အောင် ဝိသမလောဘဆိုပြီး ဒုတိယဝန်ကြီးများနှင့်  အမြဲတမ်းအတွင်းဝန်များ ဆွေးနွေးသည့်အခါမှာပြောကြကြောင်း၊ အစိုးရက သာမန်ရိုးသားသည့်ကုန်သည်များကို ဝိသမလောဘသားဟု စွပ်စွဲသည်ဆိုသည့် ခေါင်းစဉ်များတပ်လာကြောင်း၊ အစိုးရက ၂၉၂၀ ကျပ်ဖြင့်ဝယ်၍ ၂၉၂၂ ကျပ်နှင့် ပြန်ရောင်းပေးကြောင်း၊ ၂ ကျပ်သာကွာကြောင်း၊ ထို ၂ ကျပ်သည်လည်း လုပ်ငန်းဆောင်ရွက်မှုအတွက်သာ ဖြစ်ကြောင်း၊ သို့သော် ယခုလက်ရှိ ပြင်ပမှာပေါက်နေသည့် ဒေါ်လာပေါက်ဈေး ၃၅၀၀ ကျပ်ကျော်ဖြင့် အနည်းဆုံးညှိပြီးရောင်းနေကြောင်း၊ ၎င်းတို့ကို မိမိတို့က ဝိသမလောဘသားဟုမခေါ်လျှင် မည်သူများကိုခေါ်ရမည်ကိုဖြေပေးစေကြောင်း၊  အစိုးရအနေဖြင့် စွပ်စွဲနေခြင်း မဟုတ်ကြောင်း၊ အထောက်အထားများဖြင့်သာ ပြနေခြင်းသာဖြစ်ကြောင်း၊ ၎င်းကိစ္စများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သည့်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်၍ အားလုံးသိထားပြီးသားဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်ထဲတွင် မီဒီယာများနှင့်  လက်ရှိအခန်းထဲတွင် ပထမဆုံးဦးတည် ဆွေးနွေးရသည့်လုပ်ငန်း သည် ဘဏ်ကိစ္စဖြစ်ကြောင်း၊ မီဒီယာများမှလည်း အထောက်အထားများဖြင့်ပြောကြကြောင်း၊   ဘဏ်များတွင် လူများစုပြုံပြီး ငွေထုတ်ခြင်း စသည်ဖြင့်   ဘဏ်စနစ်ကို ပထမဆုံးပြိုလဲအောင် တိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်စနစ်ပြိုလဲပြီဆိုလျှင် တိုင်းပြည်၏ စီးပွားရေးသည်လည်း ပြိုလဲပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊   ဘဏ်စနစ်ကို  ပြိုလဲအောင်တိုက်ခိုက်သည့်အချိန်တွင် နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်  ဘဏ်စနစ်ပြိုလဲသွားလျှင် တိုင်းပြည်၏စီးပွားရေးပြိုလဲမှာ ဖြစ်သည့်အတွက်ကြောင့် ယခုလက်ရှိ ရှိနေသည့်ဘဏ်များကို မိမိတို့အနေဖြင့် အကူအညီပေးခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အကူညီပေးနိုင်သမျှ အကူအညီအားလုံးကိုပေးခဲ့ကြောင်း၊  ဗဟိုဘဏ်မှ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရကြောင်း၊ ယခုအချိန်တွင် ထိုအချိန်က အကူအညီရယူခဲ့သည့်  တချို့သောဘဏ်များသည် သစ္စာမရှိသည်ကို တွေ့ရကြောင်း၊ တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ဘဏ်များ၊ UMFCCI တို့နှင့် မိမိတို့ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့လုပ်ဆောင်ချက်ကို မိမိတို့အနေဖြင့် ကြည့်မည်ဖြစ်ကြောင်း၊ ပို့ကုန်သမားများကို မိမိတို့တဖြည်းဖြည်း ဖြေလျှော့ပေးခြင်းများရှိကြောင်း၊  မိမိတို့အနေဖြင့်လည်း ပို့ကုန်တွေနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်နေကြောင်း၊ အမြဲတမ်းပြည်ပပို့ကုန်တွေတိုးမြှင့်ထုတ်လုပ်နိုင်ရေး ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် စီးပွားရေး ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME များကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပို့ကုန်ပို့သူများကို ပိုပြီးအကျိုးရှိစေရန် အားပေးချီးမြှင့်နိုင်ရေးကို စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယမေးခွန်းကို ဆက်လက်ဖြေကြားရမည်ဆိုပါက ကဏ္ဍအလိုက် ကုန်ဈေးနှုန်းကြီးမားမှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းသွားပြီးဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်း

လုပ်ခြင်းသည် အမြတ်လိုချင်၍ လုပ်ခြင်းဖြစ်ကြောင်း၊ ထိုက်သင့်သောအမြတ်သာဖြစ်သင့်ကြောင်း၊ ဆန်၊ စပါးဈေးနှင့်ပတ်သက်ပြီး ပြောရလျှင် သွင်းကုန်သွင်းအားစုဈေးမြင့်တက်၍ဖြစ်ကြောင်း၊ ဆန်၊ စပါးစိုက်ပျိုးသည့်အခါ သွင်းအားစုရှိကြောင်း၊ ဓာတ်မြေသြဇာများ ထည့်သွင်းရခြင်းများ ရှိကြောင်း၊ ပိုးသတ်ဆေးပက်ဖျန်း ရခြင်းများလည်း ရှိကြောင်း၊   သို့သော် ဓာတ်မြေသြဇာနှင့် ပတ်သက်ပြီး  မိမိတို့အနေဖြင့် မည်သို့တင်သွင်းနေရကြောင်း၊ မည်ကဲ့သို့ ဦးစားပေးပြီး မည်သည့်ဈေးဖြင့်ဝယ်ရသည်ကို နှိုင်းယှဉ်လို့ရကြောင်း၊ ၂၀၂၁ ခုနှစ် မိုးစပါးရောင်းဈေးသည်   ၉ သိန်းနှင့် ၁၀ သိန်းရှိကြောင်း၊ ယခုနှစ်တွင် ၁၇ သိန်း ၁၈ သိန်းရှိကြောင်း၊ ထိုဈေးနှုန်းသည် လယ်သမားများရောင်းချသည့်    ဈေးဖြစ်ကြောင်း၊ ဧည့်မထစပါးသည်  ယခင်က ၅၃၀၀၀၀ ယခုဆိုလျှင် ၁၈ သိန်းဝန်းကျင်ရှိကြောင်း၊ မည်သည့်အတွက်ကြောင့်ဖြစ်သလဲဆိုလျှင်တစ်ကမ္ဘာလုံးမှာ   အယ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် အချို့သောဆန်စပါးအဓိကပို့ဆောင်နေသည့်   နိုင်ငံကြီးများသည် ၎င်းတို့၏ ပြည်တွင်းဖူလုံရေးကို အဓိကထားပြီး    ဆန်စပါးတင်ပို့မည့် ကိုယ်တာများကို    လျှော့ချလိုက်ခြင်းရှိ ကြောင်း၊ ကမ္ဘာ့ဆန်ဈေးကြီးလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့်ဆွဲတင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒသည်ရှင်းကြောင်း၊ ပြည်တွင်းဖူလုံရေးကိုသာ    ဦးစားပေးမည်ဖြစ်ကြောင်း၊   ပြည်တွင်း၌ စားရေရိက္ခာပြည့်စုံဖူလုံမှ    နိုင်ငံခြားသို့ပို့သည့်ကိစ္စကို  ဒုတိယဦးစားပေးစဉ်းစားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒထိန်းညှိပေးရန် မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ ဦးမိုးဟိန်းက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးသည့်ကိစ္စကို မေးမြန်းသွားမည်ဖြစ်ပြီး ထိုကိစ္စကို ဗိုလ်ချုပ်ကိုယ်တိုင် မှန်ကန်ကြောင်းအတည်ပြု ကြေညာခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်   ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ မည်သည့်ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း၊   တွေ့ဆုံဆွေးနွေးမှု အခြေအနေမှန်ကို ဗိုလ်ချုပ်အနေဖြင့် ပြည်သူများနှင့်   ကမ္ဘာကိုတတ်နိုင်သလောက် ဖြေကြားနိုင်ဆုံးဖြေကြား ပေးစေလိုပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးတို့   တွေ့ဆုံဆွေးနွေးမှုမှစပြီး မကြာခင်အနာဂတ်မှာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း  Dialogue ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ပေါ်ပေါက်ကျင့်သုံးလာနိုင်ခြင်းရှိ^မရှိကို ဖြေကြားပေး စေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  မိမိအနေဖြင့် ထိုနေ့က မီဒီယာများတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသည်လည်း မှန်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသည်လည်း ၂ နာရီနီးပါးကြာမြင့်ပြီး နှစ်ဦးချင်း  Four Eyes တွေ့ဆုံခြင်းဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို မိမိတို့လည်း မသိရှိပါကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေဆုံခဲ့သည် ဆိုသည်ကို မီဒီယာတွေကိုလည်း တရားဝင်ပြောကြားခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးသည့်အခါ    မည်သည့်အကြောင်းအရာနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့လဲဆိုသည်ကို အသေးစိတ်မသိရှိရသော်လည်း ၎င်း၏ NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ပေါ်မှာရှိသည့်      သဘောထား၊ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်သည့်   သဘောထားများကို ထိုင်းမီဒီယာများက ဖော်ပြထားသည်များ လည်းရှိကြောင်း၊ Four Eyes တွေ့ဆုံဆွေးနွေးပွဲဆိုသည်မှာ ကာယကံရှင်နှစ်ဦး ကိုယ်တိုင်ဖွင့်ပြောမှ မိမိတို့အနေဖြင့်ပြောလို့ရမည်ဖြစ်ကြောင်း၊    ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့်  ဒုတိယဝန်ကြီးချုပ်က တချို့အကြောင်းများကို ပြန်လည်ပြောထားသည် များရှိကြောင်း၊ ၎င်းတို့ ပြန်လည်ပြောကြားချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့နှစ်ဦးချင်းတွေ့ဆု ံဆွေးနွေးထားခြင်းဖြစ်သည့်အပြင်   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အတွက် တွေ့ဆုံခဲ့သည့်အတိုင်း ပြောကြားခဲ့သည်ဟု  မိမိအနေဖြင့် ကောက်ချက်ပေးလိုကြောင်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနှင့် ပတ်သက်ပြီး မိမိလည်းမကြာခဏပြောခဲ့ကြောင်း၊  တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို မရယူစဉ်မှာလည်း   တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ   ဦးတည်ခဲ့ကြောင်း၊   မဲမသမာမှုနှင့်ပတ်သက်ပြီး မိမိတို့ကပွင့်လင်းမြင်သာစွာ မီဒီယာများနှင့်နိုင်ငံတကာသံတမန်များရှေ့တွင် အထောက်အထားပြည့်ပြည့်စုံစုံနှင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည့် လမ်းကြောင်းအားလုံး လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က နိုင်ငံတော်ကို တာဝန်ယူသည့်အစိုးရကို မဲစာရင်းများအား ပြန်လည်စစ်ဆေးပေးရန် တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးရန်   မဲစာရင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန်၊ မေးမြန်းခွင့်ပြုရန် ဆောင်ရွက်ခဲ့သော်လည်း   မအောင်မြင်ခဲ့ကြောင်း၊ နိုင်ငံတော်ကို    စီမံအုပ်ချုပ်နေသည့်သူ အချင်းချင်းတွေ့ဆုံ ဆွေးနွေးပြီး အချင်းချင်း အပြန်အလှန်စာပေးပို့ခဲ့ခြင်းများ ရှိခဲ့သော်လည်းမအောင်မြင်ကြောင်း၊ ထို့ပြင် တရားလွှတ်တော်ချုပ်ထံသို့ စာချွန်တက်ပြီး တရားလွှတ်တော်ချုပ်က ဆောင်ရွက်ရန် ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းက သွားခြင်းဖြစ်ကြောင်း၊ နောက်ဆုံး ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ၂ ရက်၊ ၃ ရက်၊ ၄ ရက်နေ့အထိ  လွှတ်တော်အမတ်များ နေပြည်တော်စည်ပင်ရိပ်သာတွင် ရှိကြောင်း၊ မဲမသမာမှုများမှာ ၎င်းတို့ကိုယ်တိုင်ပါဝင်ခဲ့သည်ကို သိရှိရကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူလို့ရကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊   တရားဥပဒေလမ်းကြောင်းမှရင်ဆိုင်ပါ၊ တရားဥပဒေအတိုင်း ဆောင်ရွက်ပါဟုပြော၍    ပြန်လွှတ်လိုက်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးသွားသည့်သူများလည်း ရှိကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကိုသွားရန်  လှုံ့ဆော်တဲ့သူများ လည်းရှိကြောင်း၊ ယခုဖြစ်ပေါ်နေသည့် အကြမ်းဖက်လမ်းစဉ်ကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်သွားခြင်း ဖြစ်ကြောင်း၊  တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသွားမည်ဆိုလျှင် ပထမဦးဆုံး နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်ဟု ကြေညာထားတဲ့သူများနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားစရာမရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသွားနိုင်ရန်   အကြမ်းဖက်ဟု ကြေညာခံထားသည့်သူများသည်  နံပါတ်(၁) ကမ္ဘာသိအကြမ်းဖက်လုပ်ရပ်များကို  မလုပ်တော့ပါဟု ဝန်ခံချက်လိုကြောင်း၊ နံပါတ်(၂) အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချပါသည်ဆိုသည့် ကမ္ဘာသိကြေညာချက်လိုကြောင်း၊ ၎င်းတို့သည် လက်နက်ကိုင်ပြီး ပြည်သူလူထုကိုသတ်ဖြတ်နေကြောင်း၊   မုံရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ကိုလည်း ၎င်းတို့က ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း၊ စစ်ကိုင်းတိုင်းဘက်မှာလည်း   အမျိုးသမီးတစ်ယောက်ကို  အချုပ်ခန်းထဲထည့်ပြီး အကြိမ်ကြိမ်  မုဒိမ်းကျင့်ခဲ့ခြင်းများရှိကြောင်း၊ ထိုသို့သောလူများနှင့် ၎င်းတို့ကို ဦးဆောင်နေသည့်သူများ၊ အကြမ်းဖက်သမားများနှင့် မိမိတို့တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းကို  လျှောက်လှမ်းစရာမရှိကြောင်း၊  မိမိတို့အနေဖြင့် ဆက်လက် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးရရှိရန်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်၊ EAO အဖွဲ့များနှင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံရေး တည်ငြိမ်မှုရရှိရန် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးနေမှုများ၊ ရှေ့ဆက်သွားမည့်   ရွေးကောက်ပွဲဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်ပြီးမေးမြန်း လိုကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူ ဖူးမြော်ခွင့်ပေးလိုက်သည့် သြဂုတ်လ ၈ ရက်နေ့မှစတင်ပြီး ယနေ့အချိန်အထိ ကျွန်မအနေဖြင့် ၉ ကြိမ်တိတိသွားရောက်ဖူးမြော်ခဲ့ကြောင်း၊ လာရောက်ပြီး ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများက   နေပြည်တော်တစ်ဝိုက်သာမက နယ်ဝေးမှပြည်သူများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောပြည်သူများပါ လာရောက်ကြသည်ကို တွေ့မြင်ရကြောင်း၊ ယခုကဲ့သို့ နယ်ဝေးမှပြည်သူများ၊ ဘုရားဖူးပြည်သူများဖူးမြော်ခွင့်ရရှိအောင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တော်မူခဲ့သည့် ဦးဆောင်ဘုရားဒါယကာကြီး ဖြစ်သည့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဘုရားတည်ဆောက်ရေးတွင်ပါဝင်

ခဲ့ကြသူများ၊   ပါဝင်လှူဒါန်းကြသူအားလုံး၏ကုသိုလ်အစုစုကို တစ်နိုင်ငံလုံးရှိပြည်သူများကိုယ်စား မိမိတို့သူရိယနေဝန်းမီဒီယာက  သာဓုခေါ်ဆိုပါကြောင်း၊  မိမိသွားရောက်ခဲ့သည့်    ၉  ရက်တာကာလအတွင်း ဘုရားဖူးပြည်သူများ၏  စကားသံများကိုလည်း ကြားသိခဲ့ရကြောင်း၊ ယခုစက်တင်ဘာလ ၃ ရက်နေ့အထိသာ အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး နောက်ပိုင်းတွင် ဝင်ကြေးများကောက်ခံသွားမည်ဟုသိရကြောင်း၊ ဝင်ကြေးကောက်ခံမည့် နှုန်းထားများနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေကြောင်း၊   ထိုကိစ္စများနှင့် ပတ်သက်ပြီး  ယခုဆောင်ရွက်နေသည့် အခြေအနေကို ဦးစွာသိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်ပြီး သီးသန့်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲတွင်   တချို့အကြောင်းအရာများကို မိမိအနေဖြင့်ပြော

ခဲ့ပြီးဖြစ်ကြောင်း၊   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ အဓိကမှာ  ဦးဆောင်ဘုရားဒါယကာကြီး၏ မတည်မှု၊   တပ်မတော်တပ်ရင်း/တပ်ဖွဲ့များ၏မတည်မှု၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ ပုဂ္ဂလိက အလှူရှင်များ၏   စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ကျောက်တုံးတော်ကြီးကို သယ်ယူစဉ်မှ တည်ဆောက်သည့်အချိန်အထိ ကုန်ကျစရိတ်တော်တော်ကြီးမားကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်တိုင်းပြည်လုံးလည်း သိပြီးဖြစ်ကြောင်း၊ ကျောက်တုံးတော်ကြီး သယ်ဆောင်ခြင်းသည်   ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရေကြောင်းရွှေ့ပြောင်းမှု၊ ကမ္ဘာပေါ်တွင် အကြီးမားဆုံးကုန်းကြောင်း ရွှေ့ပြောင်းမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆင်းတုတော်ကြီးပင့်ဆောင်ခြင်းအစကိုပင် ခက်ခက်ခဲခဲ    လုပ်ခဲ့ရတာဖြစ်ကြောင်း၊ ဆင်းတုတော်မြတ်ကြီးတည်ဆောက်မှု ဘုရားပရိဝုဏ်  တစ်ခုလုံးတည်ဆောက်မှု အားလုံးသည်   စကျင်ကျောက်သားများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးနှင့် သုဓမ္မာဇရပ်

များသစ်သားလုပ်ငန်းများမှအပ ကျန်သည့်လုပ်ငန်းများမှာ စကျင်ကျောက်လုပ်ငန်းများဖြင့်  တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကျောက်စာရုံစေတီတော်ဆိုလျှင် အလယ်က စေတီတော်မြတ်အပါအဝင် ၇၂၁ ဆူရှိကြောင်း၊ စကျင်ကျောက်သားစစ်စစ်များဖြင့်သာ အားလုံးတည်ဆောက်ထားရှိခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် မည်သည့်နေရာမှရှိနိုင်မည် မဟုတ်ကြောင်း၊ နောင်တွင်လည်း ပေါ်ထွန်းလာရန် ခဲယဉ်းလာကြောင်း၊ ယင်းအရွယ်ပမာဏ အတိုင်းလုပ်နိုင်ရန် ခဲယဉ်းသွားပြီဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူ များလည်း နေ့စဉ်ရက်ဆက်လာရောက်ဖူးမြော်ကြသည်ကို တွေ့မြင်ရကြောင်း၊ တနင်္ဂနွေနေ့တွင် ဘုရားဖူးပြည်သူတစ်သိန်းနီးပါးလာရောက်ပြီး ညအချိန်ထိကို တိုး၍မပေါက်ကြောင်း၊ ယင်းစကျင်ကျောက်များသည်လည်း ရတနာတန်းဝင် ကျောက်ဖြစ်ကြောင်း၊ စကျင်ကျောက်မှာ အေကလပ်၊  ဘီကလပ်၊ စီကလပ်ရှိသည့် အနက် အေကလပ်ရှိသည့်အဆင့်အမြင့်ဆုံး၊ အဆင့်အမီဆုံး စကျင်ကျောက်ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်အမီဆုံးစကျင်ကျောက်ဖြစ်သလို  စကျင်ကျောက်သား၏ အဓိပ္ပာယ်အရ အစွန်းအထင်းဖြစ်ရန်လည်း လွယ်ကူကြောင်း၊ ထို့ကြောင့် ဘောပင်များ၊ စွန်းထင်းစေသည့်ပစ္စည်းများ မယူလာရန်ပြောခြင်းဖြစ်ကြောင်း၊ တန်ဖိုးထားသည့်သူများလည်း ရှိကြောင်း၊ မီဒီယာများထဲမှပင် ဘုရားကြီးကို သွားနေကြသူများက မိမိထံသို့ ၎င်းတို့တွေ့ရှိချက်များကို ပြန်လည်ပြောနေသူများရှိကြောင်း၊ ဥပမာ  ကျောက်စာရုံစေတီတော်တွင် လူအများက လက်ညှိုးဖြင့်ထောက်၍ ဖတ်ကြသဖြင့် လူပေါင်းများစွာဖတ်ပါက လက်မှတစ်ဆင့် ပေကျန်နိုင်သည့်အတွက် သန့်ရှင်းသည့် ထောက်တံများထားပေးသင့်သည်ဟူ၍ အကြံပြုသူများလည်းရှိကြောင်း၊ အားလုံး   အလေးအနက်ထားသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့သောကိစ္စများကို မိမိတို့ ထိန်းသိမ်းရမည့် တာဝန်လည်းရှိကြောင်း၊ ဘုရားကြီးပရိဝုဏ်မှာ ၂၅၅ ဧကခန့်ရှိကြောင်း၊ နောင်တွင်လည်း တည်ဆောက်ရန်မလွယ်ကူတော့ကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတစ်ခုလည်းဖြစ်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ထို့ကြောင့် ထိန်းသိမ်းရမည့်တာဝန်ရှိကြောင်း၊ ဘုရားကြီးတွင် လျှပ်စစ်မီတာခ တစ်လကို သိန်း ၁၅၀၀ နှင့် ၂၀၀၀ ကြားခန့်ကျသင့်ပါကြောင်း၊ ကျန်သည့်ကိစ္စများမပါသေးကြောင်း၊ သန့်ရှင်းရေး၊ ရေ၊ မီးစသည့်ဝန်ထမ်းများ အနည်းဆုံးလူဦးရေ ၆၀၀ နှင့် ၇၀၀ ကြားခန့်ရမည့်အနေအထားရှိကြောင်း၊ ယင်းကုန်ကျစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်မှသုံးရန် မူဝါဒအနေဖြင့် မဖြစ်နိုင်ကြောင်း၊ ထုံးစံလည်းမရှိကြောင်း၊ မည်သည့်ဘုရားစေတီမှာမှလည်းထုံးစံမရှိခဲ့ကြောင်း၊ ယခင်ကလည်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ဖူးမြော်ကုသိုလ်ယူသူများအနေဖြင့် ကုသိုလ်ပြုခွင့်တစ်ထောင်ကျပ် ကောက်ခံခြင်းဖြစ်ကြောင်း၊ တစ်ထောင်ကျပ်ဖြင့် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းသံဃာတော်များ အခမဲ့ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကတ်ဖြင့် ၅၀ ရာခိုင်နှုန်းကောက်မည် ဖြစ်ကြောင်း၊ ယခုနှုန်းထားသည် ပြောပလောက်သည့် အနေအထားမဟုတ်ကြောင်း၊ ကုသိုလ်ပါဝင်ခွင့်ရခြင်းသာဖြစ်ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များတွင်လည်း မိမိတို့သိပါကြောင်း၊ ထိုင်းနိုင်ငံမှ မြဘုရားတွင် နိုင်ငံခြားသား ၁၅ ဒေါ်လာကောက်ခံကြောင်း၊ ၁၅ ဒေါ်လာကို ယခုဈေးနှုန်းဖြင့်တွက် ကြည့်ပါက သောင်းကျော်နေပြီဖြစ်ကြောင်း၊ သီရိလင်္ကာရှိ ကန္ဒီစွယ်တော်တိုက်တွင် ၅ ဒေါ်လာဖြစ်ကြောင်း၊ တရုတ်ဗုဒ္ဓစွယ်တော်မြတ်တွင် ၁၀ ယွမ် ကောက်ခံကြောင်း၊ ဂျပန်တွင်ရှိသည့်  ကမာကုရရုပ်ပွားတော်မြတ်တွင် ၂ ဒေါ်လာ ကောက်ခံကြောင်း၊ ထို့ကြောင့် ဘုရားကြီး၏ ရေရှည်တည်တံ့ခိုင်မြဲရေး၊ မိမိတို့ တိုင်းပြည်၏ ဂုဏ်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ်  ပါဝင်ကုသိုလ်ယူရသည့် အလှူငွေသာဖြစ်ပြီး အလှူငွေတစ်ထောင်သာဖြစ်ကြောင်း၊   ဖုန်းနှင့်ပတ်သက်၍ သာမန်ဖုန်းများကိစ္စမရှိသော်လည်း ယခုခေတ်တွင် တချို့သောဖုန်းများသည် ပရော်ဖက်ရှင်နယ်ကင်မရာများကဲ့သို့ပင် ကောင်းကြကြောင်း၊ ထိုဖုန်းများဖြင့် ှ့သမအ ဠငိနသ များ၊   ဇာတ်ကားများ ရိုက်နေသည်များ ရှိကြောင်း၊ အများပြည်သူသာမန်သုံးနေသည့် ဖုန်းများဆိုလျှင် တစ်နည်းတစ်ဖုံ စဉ်းစားမှာဖြစ်ကြောင်း၊   ထိုကိစ္စနှင့်ပတ်သက်ပြီး အနှစ်ချုပ်ပြောရမည်ဆိုလျှင်  ဝင်ကြေးဆိုခြင်းထက် ဘုရားကြီး၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခွင့်ရခြင်းသာ ဖြစ်သည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက နောက်ထပ်မေးမြန်းရန်တစ်ခုကျန်ရှိကြောင်း၊ ပြည်ပမှတင်သွင်းလာသည့်ပစ္စည်းများက ဒေါ်လာဖြင့်ဝယ်ယူရသည့်အတွက်ကြောင့် ဈေးနှုန်းကြီးမြင့်နေခြင်းမှာ ပြည်သူများအနေဖြင့် မချစ်သော်လည်းအောင့်ကာနမ်း ဆိုသကဲ့သို့ မဖြစ်မနေအရဝယ်ယူသုံးစွဲနေရကြောင်း၊ သို့သော် ဒေါ်လာဖြင့် ဝယ်စရာမလိုသည့် မိမိတို့    မြန်မာနိုင်ငံမှာသာရှိနေသည့် လယ်ကွင်းထဲမှ ထွက်သည့်ဆန်စပါးကို ဈေးကြီးပေးဝယ်နေရသဖြင့်    သဘာဝ

မကျကြောင်း၊ အထူးသဖြင့် ယခုရက်ပိုင်းတွင် ဆန်ကုန်သည်ကြီးများအသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အနီး တချို့နေရာများတွင်လည်း ဆန်ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းပြဿနာက   မလုံလောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆန်ဈေးက ရန်ကုန်တစ်နေရာ တည်းတွင်   ဈေးသက်သက်သာသာဖြင့်ရောင်းချပေးနေ၍မရပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်ရှိနေသည့် ပြည်သူများအနေဖြင့် မိမိနိုင်ငံအတွင်းရှိ ထုတ်ကုန်ကို   အလွန်မကြီးမားသောဈေးနှုန်းများ၊ တည်ငြိမ်သော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသောက်ရန်အတွက်  မိမိ၏အခွင့်အရေးကို အပြည့်အဝ ရရှိသင့်သည်ဟု ထင်မြင်ပါကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်သို့စီမံ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ ဆန်စပါးဈေးနှုန်းကြီးမြင့်ရခြင်း အကြောင်းအရင်းသည်  ပြည်ပဝယ်လိုအားကို မျှော်ရသည့်အတွက် ကြီးမြင့်ရသည့်အကြောင်းလည်း တစ်ကြောင်းပါဝင်ကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် ဆန်စပါးအဓိကထွက်သည့်    နိုင်ငံများအနေဖြင့် ရာသီဥတုဒဏ်ကိုမျှော်မှန်းပြီး   ဆန်စပါးရောင်းချရမည့်ကိုယ်တာကို လျှော့ချလိုက်သည့်အတွက်ကြောင့် ဆန်စပါးဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်နိုင်ငံတည်းသာ ကြီးမြင့်ခြင်းမဟုတ်ကြောင်း၊ သို့သော် မိမိတို့အစိုးရအနေဖြင့် ပို့ကုန်များနှင့်ပတ်သက်ပြီး အားပေးသည်ဆိုသော်လည်း ပြည်တွင်း ဖူလုံရေးနှင့် ပတ်သက်ပြီး  ပြန်လည်ပြီးအားပေးရမှာဖြစ်ကြောင်း၊ ထိုကိစ္စများကို   မူဝါဒပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး   ပြန်လည်ညှိနှိုင်းသုံးသပ်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက တပ်မတော်သား မိသားစုဝင်များ၏ အမှာစကားကိုလည်းပြောလိုကြောင်း၊  ကြီးမြင့်နေသည့်ကုန်ဈေးနှုန်း ဒဏ်ကို ဦးပိုင်အမြတ်ငွေလေးဖြင့် အားတင်းထားနိုင်ရန်အတွက် သတင်းစကားပါးလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက    ဦးပိုင်အမြတ်ငွေနှင့်ပတ်သက်၍  ဦးပိုင်သည် အများပိုင်ဖြစ်ကြောင်း၊ အများပိုင်ဆိုသည်မှာ တစ်ခုတည်းဖြင့်  ဆုံးဖြတ်၍မရကြောင်း၊၎င်း၏ လုပ်ထုံးလုပ်နည်းရှိကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စာရင်းစစ်ခံရကြောင်း၊ စာရင်းစစ်ပြီး စာရင်းစစ်လွှာထွက်လာမှအားလုံးကို အတည်ပြုရကြောင်း၊ အထွေထွေအရပ်ရပ်အစည်းအဝေးမှ အတည်ပြုပြီးမှ ပေးရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် အားလုံးစစ်ဆေးပြီးနိုင်သည့် အနေအထားမှာရှိကြောင်း၊  မကြာမီအတွင်းမှာ ယခင်က အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

One News Channel မှ ဦးသွင်ထူးအောင်က ယခုလာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း၊ ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်သည် ၂၀၂၆ ခုနှစ်တွင်   ပြီးဆုံးမည်ဟူ၍လည်း ကြေညာထားသည်ကိုသိရကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၄ သန်းခေါင်စာရင်းမှရသည့် အချက်များကို အခြေခံပြီး မဲစာရင်းပြုစုပြီးမှသာ  ရွေးကောက်ပွဲလုပ်နိုင်ခြေ ရှိသည်ဟုလည်း မှတ်ချက်ပြုပြောဆိုနေသည်များလည်း တွေ့ရကြောင်း၊    လာမည့် ရွေးကောက်ပွဲကို ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူပြီး ကောက်ယူရေးလုပ်ငန်းစဉ်ပြီးမှ ဖြစ်နိုင်ဖွယ်ရှိသည်လားဟု သိလိုကြောင်း၊ မည်သည့်အချိန်တွင် ကျင်းပမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်လာပြီး တပ်မတော်ကတာဝန်ယူရခြင်းသည်   မဲစာရင်း၊မဲမသမာမှုကြောင့်ဖြစ်ကြောင်း၊  ထို့ကြောင့်  မိမိတို့အနေဖြင့်နောင်လာမည့် ရွေးကောက်ပွဲသည် မဲစာရင်း နှင့်ပတ်သက်ပြီးဖြစ်စေ၊ မဲပေးနိုင်သည့်သူများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီးဖြစ်စေ အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယင်းအပေါ်အခြေခံပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း မကြာခဏပြောနေကြောင်း၊ မဲပေးပိုင်ခွင့်ရှိ သူများ၏ စာရင်းနှင့် ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းက တစ်မျိုး၊ လူဝင်မှုကြီးကြပ်ရေးမှထုတ်ပြန်သည့်စာရင်း၊ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သည့်စာရင်း ယင်းတို့ကိုနှိုင်းယှဉ်ကြည့်သည့်အခါတွင်    ၂၀၁၄ သန်းခေါင်စာရင်းကို မမူတည်ဘဲဖောင်းပွနေသည့် မဲစာရင်းများဖြင့် ဆောင်ရွက်ခဲ့၍ မဲစာရင်း မသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် မဲမသမာမှုများမဖြစ်ရအောင်  အဓိကအခြေခံဖြစ်သည့် မဲစာရင်းမှားယွင်းမှုမျိုး မရှိရအောင် အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှု ဆိုသည်မှာ ကမ္ဘာ့စံချိန်စံညွှန်းအရ ၁၀ နှစ်ကို တစ်ကြိမ်ကောက်ယူရခြင်းဖြစ်ကြောင်း၊၂၀၁၄ ခုနှစ်တွင် ကောက်ယူပြီးဖြစ်သည့်အတွက် ၁၀ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်တွင် ကောက်ခံနိုင် ရန်အတွက် အရေးကြီးပါကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်း မကောက်ယူခင်က မြန်မာနိုင်ငံ၏ လူဦးရေစာရင်းခန့်မှန်းထားပြီး အမှန်တကယ်သန်းခေါင်စာရင်း ကောက်ယူပြီးသည့်အချိန်တွင် ခန့်မှန်းထားသည့် လူဦးရေထက်   နည်းနေသည်ကိုတွေ့ရကြောင်း၊ ယခင်စာရင်းမကောက်ခင်က မြန်မာနိုင်ငံ၏ မွေးဖွားနှုန်းသည် ၁ ရာခိုင်နှုန်းကျော်ကျော် ၂ ရာခိုင်နှုန်းခန့်မှန်းခဲ့ကြောင်း၊ အမှန်တကယ် သန်းခေါင်စာရင်းကောက်ကြည့်ပြီးမှ မည်မျှရှိသည်ကိုသိရကြောင်း၊ သုည ဒသမ ၈၅ ကိန်းဂဏန်းခန့်ရှိသည်ဟုသိရကြောင်း၊ သန်းခေါင်စာရင်းကောက်ယူပြီးမှသာလျှင်  ယခုနောက်ပိုင်း ၁၀ နှစ်အတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်သွားသည့်သူများရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းရှိသူများကလည်း ရှိသင့်သည့်နေရာတွင် မရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရန်  လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကို အခြေခံနိုင်မှသာလျှင်၊ မြေပြင်တွင် အမှန်တကယ်ကောက်ယူနိုင်မှသာလျှင်   မဲစာရင်းမှန်မှုလည်းရှိမှာဖြစ်ပါကြောင်း၊  ထို့ကြောင့်  သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို   မိမိတို့ အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

Myanmar Transparency News သတင်းဌာနမှ ဦးကျော်ဇေယျာငြိမ်းက ပြည်တွင်း၌ အဓိကစားသုံးနေသည့် ဆန်ဈေးသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်နှစ်ခွဲအတွင်း၌   ဆန်အမျိုးအစားအလိုက်ကို မူတည်ပြီး ၈၀ ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယင်းမှာ ပြည်တွင်းကထုတ်သည့် ဆန်သာရှိသေးကြောင်း၊ တစ်ဖက်တွင်လည်း ဒေါ်လာဈေးနှုန်းကဆိုလျှင်   ဗဟိုဘဏ် သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ထက်ကို ၈၀ ရာခိုင်နှုန်းကျော်ခန့်မြင့်တက် သွားကြောင်း၊   ယခင်နေ့က ဗဟိုဘဏ်ပြန်ထိန်းလို့   ပြန်ကျလာသည့်ဈေးနှင့် ပြန်တွက်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သွင်းကုန် အများကြီး    သွင်းနေရသည့် မြန်မာနိုင်ငံအနေနှင့်ဆိုလျှင် ကုန်ဈေးနှုန်းများကလည်း  လိုက်ပြီးမြင့်တက် လာရန်သာ ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ နှင့် နှိုင်းယှဉ်မည်ဆိုလျှင်   လက်ရှိကုန်ဈေးနှုန်းက မည်သည့်ပစ္စည်းကို ကြည့်ကြည့် နှစ်ဆမြင့်တက်နေသည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း    အစိုးရကပြည်သူများကို သက်သာချောင်ချိရေးလုပ်ပေးနေသည်ကို တွေ့ရသော်လည်း ကုန်ဈေးနှုန်းအပါအဝင် အိမ်ခြံမြေဈေး၊ ကားဈေး၊ ဒေါ်လာဈေး၊ ရွှေဈေးများ  အကုန်ဈေးတက်နေသည့်အချိန်   အေးအေးချမ်းချမ်းနေလိုသည့် သာမန်အလုပ်သမားများ၊ နိုင်ငံ့ဝန်ထမ်းများက ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲခံနေရကြောင်း၊ ယင်းပြည်သူများနှင့်ဝန်ထမ်းများအတွက် လစာတိုး ပေးခြင်းမျိုး၊   အခွင့်အရေးပေးခြင်းမျိုး၊ တိုးမြှင့်ပေးမှုရှိလာလျှင်လည်း တိုးမြှင့်ပေးမှု နောက်ပိုင်းတွင် ကုန်ဈေးနှုန်းများ ထပ်တက်မလာအောင်မည်သို့စီမံထားမှုများရှိသည် ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဆန်ဈေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်သည့်အကြောင်းရင်းကို ပြောထားပြီး ဖြစ်ကြောင်း၊ အဓိကစပါးဈေး၊ မိုးစပါးသည် ၂၀၂၁ ခုနှစ် က ၉ သိန်း၊ ၁၀ သိန်း၊ ယခုဆိုလျှင် ၁၇ သိန်း၊ ၁၈ သိန်းရှိကြောင်း၊ အဓိကအခြေခံ စပါးဈေးသည်ပင်လျှင် တက်နေသည်ဖြစ်ကြောင်း၊ စပါးဈေးတက် နေသည်မှာလည်း မျှော်လင့်ချက်တစ်ခုနှင့်ဆွဲတင်ထားခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး    မူဝါဒအရဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည်များရှိကြောင်း၊  တချို့သောမတက်သင့်သည့်ဈေးနှုန်းများ၊ ဖြေလျှော့မှုပေးထားသည့် ဈေးနှုန်းများနှင့် ပတ်သက်ပြီး ဖြေလျှော့မှုပေးထားသည့်ဈေးနှုန်းက အစိုးရမှရောင်းပေးလိုက်သည့် ဒေါ်လာဈေးကမည်မျှရှိသင့်ကြောင်း၊ အမြတ်တင်ပြီး ရှိသင့်သည့် ဈေးနှုန်းက မည်မျှရှိသည်ကို တွက်ချက်၍ရကြောင်း၊    ထိုကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ဆောင်ရွက်မှုများ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးများ ရှင်းပြသွားသည့်အတိုင်း   ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးအဖွဲ့များခွဲပြီး လုပ်ဆောင်နေသည်များ ရှိကြောင်း၊ ထိုအဖွဲ့များဖွဲ့စည်းပြီး လုပ်ဆောင်နေသည့်ထဲတွင် ထိုရည်ရွယ်ချက်များ ပါရှိကြောင်း၊ ထိုအဖွဲ့များအနေနှင့် ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်တွင် မူတည်ပြီး   အခြေခံလူတန်းစားများ၊ အခြေခံဝန်ထမ်းများအတွက် ဖြစ်သင့်သည့် ဈေးနှုန်းများကို ဖြစ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍     Myanmar Transparency News သတင်းဌာနမှ ဦးကျော်ဇေယျာငြိမ်းက ထိုကာလ အတောအတွင်း ဝန်ထမ်းများအတွက် မျှော်လင့်နေသည့်လစာအစီအစဉ်ကို ဗိုလ်ချုပ်တို့အနေနှင့် ဖြေကြားပေးနိုင်မည်လားဟု မေးမြန်းသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ထမ်းများအတွက်  မိမိတို့အနေနှင့် ယခင်နှစ်က ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျန်းမာရေးဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အိမ်ငှားခစရိတ်များပေးခဲ့သည်များရှိကြောင်း၊ နိုင်ငံတော်က   ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တခြားသောဝန်ကြီးဌာနများကိုလည်း ဝန်ကြီးဌာနအလိုက်    သက်သာချောင်ချိရေးဆောင်ရွက်ပေးသည်များလည်းရှိကြောင်း၊ ထိုကိစ္စများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင်ဝန်ထမ်းများနှင့် ပတ်သက်ပြီး တခြားဝန်ကြီးဌာနများက ဆောင်ရွက်ပေးသည့် ဥပမာများကိုလည်း ဒုတိယဝန်ကြီးများက ပြောပြပေးစေလိုကြောင်း ဖြေကြားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး   ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေနှင့် နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိမှုအတွက် လစာမဟုတ်သည့် စရိတ်ချီးမြှင့်ငွေများ ဆောင်ရွက်ပေးသည့်အခြေအနေများကို တင်ပြသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအမြဲတမ်းများ ဝတ်စုံစရိတ်များနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်  ဇွန်လမှစ၍ တစ်ဦးကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်လျှင်တစ်ကြိမ်ခံစားခွင့် ပြုပေးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အိမ်ငှားစရိတ် ချီးမြှင့်ခြင်းနှင့်ပတ်သက်ပြီး အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်လျှင် မူရင်းလစာ၏ ၈ ရာခိုင်နှုန်း၊ အိမ်ထောင်မရှိလျှင်မူရင်းလစာ၏ ၄ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ်  သြဂုတ်လမှစပြီး ချီးမြှင့်ပေးနေကြောင်း၊ ပညာရေးဝန်ထမ်းများအတွက် ဆိုလျှင်    ယခင်ကမရှိခဲ့သည့်  ဆရာ၊ ဆရာမများရရှိခဲ့သည့်ဘွဲ့အလိုက် ချီးမြှင့်ငွေများချီးမြှင့်ထားပါကြောင်း၊ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှစ၍ ပါရဂူဘွဲ့ရသူဆိုလျှင် ၃၀၀၀၀၊  မဟာဘွဲ့ ၂၅၀၀၀၊ ဘွဲ့လွန်ဒီပလိုမာ ၁၀၀၀၀ လစဉ်ထောက်ပံ့ပေးပါ ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ လစာများကိုလည်း တိုးမြှင့်ပေးပါကြောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်ဆရာ၊ ဆရာမများ၏သင်ကြားရေးတစ်ရက် ချီးမြှင့်ငွေနှုန်းထားများကိုလည်း တိုးမြှင့်ပေးထားကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ပညာရေးကဲ့သို့ပင် ၂၀၂၁ ခုနှစ် ဧပြီလမှစ၍  လစဉ်ချီးမြှင့်ပေးပါကြောင်း၊ ဒီပလိုမာဘွဲ့ရရှိသူ ၁၀၀၀၀ ကျပ်၊ဟာသိပ္ပံဘွဲ့ ၂၅၀၀၀ ကျပ်၊ ပါရဂူဘွဲ့ ၃၀၀၀၀ ကျပ်နှင့် ကျန်သည့်ကိစ္စရပ်တစ်ရပ်ချင်းအတွက်လည်း အစိုးရအဖွဲ့ ကိုတင်ပြပြီး အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့်   ချီးမြှင့်ပေးပါကြောင်း  ဖြည့်စွက် ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ ဦးမောင်မောင်ထွန်းက    အောက်ခြေ လူတန်းစား၊ ပြည်သူအများစု အနေဖြင့် လုံခြုံမှုလည်းမရှိကြောင်း၊ စိုက်ပျိုးလုပ်ကိုင်၍ မရသည့်အထဲ အဆမတန်မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် အလူးအလဲခံနေရခြင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့အစီအစဉ်များ လုပ်ဆောင်နေသည်ကို သိလိုကြောင်း၊  ငြိမ်းချမ်းရေးအရေးကြီးသည့်အတွက်   လက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးညီလာခံလုပ်ရန်   စီစဉ်နေသည်ဟုသိရကြောင်း၊ မည်သည့်အဆင့်၊ မည်သည့်ရက်သတ်မှတ်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမမေးခွန်းဖြစ်သည့် ကုန်ဈေးနှုန်းနှင့် ပတ်သက်သည်များကို ပြောပြီးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့်  ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်နေမှုများရှိကြောင်း၊ တရားဝင်တွေ့ဆုံမှုများကို  စာရင်းဇယားနှင့် ပြောခဲ့ကြောင်း၊  တွေ့ဆုံသည့်နေရာတွင်  EAOs အဖွဲ့သာမက EAOs အဖွဲ့တွင်လည်း NCA လက်မှတ်ထိုးပြီး  ၇ ဖွဲ့၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့  ၃ ဖွဲ့တို့နှင့်တွေ့ဆုံမှုများရှိခဲ့ကြောင်း၊   လစဉ်နီးပါးခန့်ရှိကြောင်း၊ ၎င်းင်းတို့နှင့်တွေ့ဆုံရုံသာမက နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမှုများရှိကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် State Holder များနှင့် တွေ့ဆုံမှုများလည်း ရှိကြောင်း၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ တချို့သောတွေ့ဆုံမှုများမှာ တောင်းဆိုမှုများရှိကြောင်း၊ တချို့သောတောင်းဆိုမှုများသည် ဒေသဖွံ့ဖြိုးရေး အတွက်  လိုလားချက်၊ ဒေသမှာရှိသည့် လမ်းပန်းဆက်သွယ်ရေးအတွက် လိုလားချက်များ၊ စီးပွားရေးအတွက် လိုလားချက်များကို ချက်ချင်းဖြည့်ဆည်းပေးနိုင်သည် များလည်းရှိကြောင်း၊ သို့သော် တချို့သောလိုလားချက်များက အခြေခံဥပဒေကို ပြင်မှလုပ်ပေးနိုင်သည့်လိုလားချက်များ ရှိကြောင်း၊ အခြေခံဥပဒေပြင်ရန်ဆိုလျှင်လွှတ်တော်

ကသာ ပြင်၍ရမည်ဖြစ်ကြောင်း၊ တချို့သော EAOs အဖွဲ့များက ကဖျက်ယဖျက်လုပ်ကြောင်း၊ တချို့သော EAOs အဖွဲ့များတော့မပါကြောင်း၊ တချို့က အခုအချိန်ဆွေးနွေးလျှင်ဘာထူးမှာလဲ ဘာမှလုပ်စရာ မရှိဘူးဆိုသည့် ပုံစံမျိုးပြောကြောင်း၊ မိမိမကြာခဏပြောသကဲ့သို့  လွှတ်တော်ထဲရောက်လျှင်  တပ်မတော်သားလွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်းပါကြောင်း၊ မိမိတို့အဘယ်ကြောင့်   နိုင်ငံရေးပါတီများနှင့်မှအဆက်တွေ့ဆုံ ဆွေးနွေးနေရသလဲဆိုလျှင် ထိုနိုင်ငံရေးပါတီများကသာ လွှတ်တော်အမတ်ဖြစ်နေသူများ ဖြစ်ကြောင်း၊ ယခုမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီထဲကသာ ရွေးချယ်မည် ဖြစ်ကြောင်း၊ ၎င်းတို့ထဲကသာ လွှတ်တော်အမတ်များ အများစုဖြစ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စတင်ဆွေးနွေးထားခြင်းအားဖြင့် မိမိတို့ သဘောတူထားသည့်အချက်များ၊ ဆွေးနွေးချက်များကို တပ်မတော်အနေဖြင့် လွှတ်တော်၌ ကန့်ကွက်စရာမရှိကြောင်း၊ တပ်မတော်က ကန့်ကွက်စရာမရှိဘူးဆိုလျှင် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုကို မည်သည့်နိုင်ငံရေးပါတီမှ အမိုက်ခံပြီး ကန့်ကွက်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စုစည်းနေခြင်းဖြစ်ကြောင်း၊ အများပါဝင်သည့် EAOs အဖွဲ့များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အစိုးရပါဝင်သည့် ဆောင်ရွက်မှုမျိုး၊ စုစည်းမှုမျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့က သဘောတူညီချက်များကိုစုစည်းထားပြီး အသင့်ဖြစ်အောင်လုပ်ထားမည်ဖြစ်ကြောင်း၊ ထိုသို့အသင့်ဖြစ်အောင် ဆောင်ရွက်ပေးသွားရန်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်ပေးခြင်းသည် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒုတိယအချက်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို မူတည်ပြီး သွားနေခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိအနေဖြင့် ထပ်မံပြောကြား လိုသည်မှာ နိုင်ငံတော်ဝန်ကြီးချုပ် မကြာခဏပြောသကဲ့သို့ ငြိမ်းချမ်းရေးလိုလားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ EAOs များအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမြဲတမ်းတွေ့ဆုံဆွေးနွေးရန်အတွက် တံခါးဖွင့်ထားကြောင်း၊ အမြဲတမ်းတွေ့ဆုံဆွေးနွေးရန်အတွက် ကြိုဆိုလျက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးကြပါ၊ ပါဝင်ဆွေးနွေးကြပါဟု မိမိအနေဖြင့်ပြောလိုကြောင်းဖြင့် ဖြေကြားသည်။

People Media Agency မှ သတင်းထောက် ဦးကျော်စိုးဦးက ပထမမေးလိုသည်မှာ လက်ရှိအကြမ်းဖက်အဖွဲ့ KIA၊ KNU၊ KNPP စသည့် လက်နက်ကိုင်အဖွဲ့များသည် NUG နှင့်ပူးပေါင်းပြီး နိုင်ငံ၏ ယန္တရားများကို ဖျက်ဆီးနေသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ်  ကြေညာရန်ရှိ/မရှိသိလိုကြောင်း၊ ဒုတိယမေးခွန်းမှာ ယင်းအဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံများနှင့်ဆက်စပ်မှုမှာ  မည်သို့ရှိသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက KIA ၊ KNU ၊ KNPP ၊ CNF အဖွဲ့များထဲတွင် NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့နှစ်ဖွဲ့ပါဝင်ကြောင်း၊ KIA နှင့် KNPP အဖွဲ့တို့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း၊ KNPP အဖွဲ့ထဲတွင်လည်း   အမျိုးမျိုးကွဲပြားနေသည်များ ရှိကြောင်း၊ တချို့လည်းအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည် များရှိကြောင်း၊ တချို့လည်း အစိုးရကိုဆန့်ကျင်ပြီး လက်တွေ့လုပ်နေသည်များလည်း ရှိကြောင်း၊ KNU နယ်မြေတွင် KNU နှင့်မသက်ဆိုင်သောသီးခြားအဖွဲ့များ လည်းထွက်ပေါ်နေသည်ကို တွေ့ရကြောင်း၊ ပြည်ပစွက်ဖက်မှုများရှိသည်ကိုလည်းတွေ့ရကြောင်း၊ Free Burma Ranger ကဲ့သို့အဖွဲ့များလည်း တွေ့ရကြောင်း၊ ကျန်သည့် ပြည်ပစွက်ဖက်မှုများလည်း တွေ့ရမည်ဖြစ်ကြောင်း၊ NUG/PDF အကြမ်းဖက်များကို အားပေးသည့် အဖွဲ့များလည်း တွေ့ရကြောင်း၊ KIA နှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက တချို့သော KIA ခေါင်းဆောင်များ၏ အန္တရာယ်များသည့် ပြောကြားချက်များကို လည်းတွေ့ရကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးလည်း သိကြမည်ဖြစ်ကြောင်း၊ KIA ခေါင်းဆောင်တစ်ဦး ပြောကြားထားတာရှိကြောင်း၊ စစ်ကိုင်းနှင့်အနီးဆုံးနေရာရှိ ၎င်းတို့တပ်မဟာတစ်ခု၏ လက်နက်တိုက်ဖွင့် ပေးလိုက်ခြင်းကြောင့် စစ်ကိုင်းတိုင်းသည် မီးဟုန်းဟုန်းတောက်နေကြောင်း၊ KIA အနေဖြင့် ၎င်းတို့၏ လက်နက်အားလုံး ပေးလိုက်ပါက မြန်မာပြည်တစ်ခုလုံးဒုက္ခရောက်သွားမည်ဟု ပြောခဲ့ကြောင်း၊  ထိုပြောစကားအပေါ်ထောက်ခံသူများ၊ ဝမ်းသာသူများလည်းရှိကြောင်း၊ ထိုပြောစကားကို ထောက်ခံနေသည့် ဗမာများလည်းရှိကြောင်း၊ မိမိအနေဖြင့် ထိုထောက်ခံသည့်ဗမာများကို အံ့သြမိကြောင်း၊ ခေါင်းထဲတွင် နက်နက် နဲနဲစဉ်းစားကြည့်စေလိုကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် မီဒီယာတချို့လည်း ပါကြောင်း၊ ဗမာလူမျိုးအချင်းချင်းသတ်တာကို အားပေးအားမြှောက် လက်ခုပ်တီး နေသည်ကို ရောယောင်ပြီး လက်ခုပ်တီးပြီးအားပေးနေကြကြောင်း၊ ပြန်လည်ဆင်ခြင်စေလိုကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းပြု/မပြုသည် ၎င်းတို့၏ လုပ်ဆောင်ချက် အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်အမြဲ ဖိတ်ခေါ်လျက်ရှိကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိသာရှိမည်ဖြစ်ကြောင်း၊ ယင်းတို့၏လုပ်ဆောင်မှုပေါ်တွင် များစွာမူတည်မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

NP News Agency မှ ဦးကျော်မျိုးမင်းက ပြီးခဲ့သည့်နှစ်  သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗိုလ်ချုပ်အနေဖြင့် ပြောခဲ့သည်ရှိကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ရာတွင် အဆုံးစွန်အထိဟုပင် ပြော၍ရသည့် လိုက်လျောမှုစကားပြောခဲ့ကြောင်း၊ ယင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့လာခဲ့ပါ။ ကြိုတင်ကန့်သတ်ချက်မထားဘူး မည်မျှအထိ ပြောခဲ့သလဲဆိုလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါလိုအပ်ရင်တောင်း၊ ဒါတွေကို  လွှတ်တော်ကြီးပေါ်လာရင် တပ်မတော်ဘက်က ခွင့်ပြုမယ်ဆိုသည်အထိပြောထားတာရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်များ အမြဲပြောနေသည့်စကားဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ခွင့်ပြုပေးထားပြီဟု အဆုံးစွန်အထိပြောထားသည့် တိုင်အောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစု၏ တုံ့ပြန်မှုများသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပို၍ဆိုးလာသည်ကိုတွေ့ရကြောင်း၊ အထူးသဖြင့် တပ်မတော်က နိုင်ငံရေးက ထွက်ကိုထွက်ရမယ်ဆိုသည့်စကားမျိုးပြောလာကြောင်း၊ တစ်ဖက်တွင်မူ ၎င်းတို့ကလက်နက်ကိုင်ထားပြီး တပ်မတော်ကိုထွက်ခိုင်းသည့်ပုံစံမျိုးပြောကြောင်း၊ တပ်မတော်ကလည်း  အဆုံးစွန်အထိလျှော့စရာ ရှိသည်များကို အကုန်လျှော့ထားကြောင်း၊ ထိုမျှအထိ လျှော့ထားပေးသည့် ကြားထဲက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးစကားဝိုင်းများကို တက်ရောက်ခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က မည်သို့တုံ့ပြန်ပြောကြားလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလည်း မိမိတို့အနေဖြင့် ကန့်သတ်ချက်မထားဘဲ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ သို့သော်မိမိတို့အနေဖြင့် ၎င်းတို့ကိုလာရောက်ဆွေးနွေးကြဖို့ အမြဲတိုက်တွန်းလျက် ရှိကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ရန်လည်း အမြဲတိုက်တွန်းကြောင်း၊ အခြေခံဥပဒေအရဆိုလျှင် ပြည်နယ်များနှင့် ပတ်သက်သည့် ဥပဒေများကို မိမိတို့အနေဖြင့် ယခုလောလောဆယ်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကိုမကျော်လွန်စေဘဲဟု သုံးနှုန်းထားကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လိုအပ်လျှင်ပြင်မည်ဟုပြောခဲ့သည်ရှိကြောင်း၊ ဤကဏ္ဍကို စတင်ဆောင်ရွက်တာ အားလုံးသိကြလိမ့်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားများ ပုဒ်မ ၂၆၁ နှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်နယ်များကသာခန့်အပ်ရန် ပြောကြားချက်များ ရှိကြောင်း၊ ယင်းကို   ပထမဦးဆုံးထောက်ခံသူက တပ်မတော်သာဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ယခုလက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်ပဲဖြစ်ကြောင်း၊ ထိုကဲ့သို့ မိမိတို့စတင်ပြီး လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးသည့် မေးခွန်းကို အနှစ်ချုပ်ရလျှင်ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး NCA ကိုအမျိုးမျိုးပြောဆို နေမှုများရှိကြောင်း၊ NCA သည် အကျုံးမဝင်ကြောင်း စသည်ဖြင့် တချို့ EAOs အဖွဲ့များကပြောဆိုမှုများရှိကြောင်း၊  NCA အခန်း(၁)ကိုလည်းဖတ်ကြည့်စေလိုကြောင်း၊ NCA အခန်း(၁)တွင် ၁၁ ပိုဒ်ပါကြောင်း၊ ကျေကျေညက်ညက် ဖတ်ကြည့်စေလိုကြောင်း၊ သို့မှသာ အဓိပ္ပာယ်ကို သိမည်ဖြစ်ကြောင်း၊ တချို့မဖတ်ကြဘဲ ဟုတ်နိုးနိုးထင်နေကြကြောင်း၊ တပ်မတော် အစိုးရတက်လာခြင်းသည် မဲမသမာမှုကြောင့် တက်လာခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်ခဲ့လျှင်ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရန်ပြောဆိုသော်လည်း မဖြစ်လာခြင်းကြောင့် ယခုကဲ့သို့ဖြစ်လာခြင်း ဖြစ်ကြောင်း၊ NCA သည် စတင်မြစ်ဖျားခံလာသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အဆိုပြုရေးဆွဲခဲ့တာဖြစ်ကြောင်း၊ ရေးဆွဲခဲ့ပြီး အတောအတွင်း EAOs အဖွဲ့များရှိသည့်ဒေသများတွင် ညီလာခံများလုပ်ကာ အကျေအလည်ဆွေးနွေးပြီးမှ ဖြစ်လာခြင်းဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအနေဖြင့်လည်း အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း၊ EAOs အဖွဲ့အစည်းအားလုံး လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုပြောဆိုချက်များသည် NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ထဲတွင် အဖွဲ့တစ်ဖွဲ့၊ နှစ်ဖွဲ့သာ ပြောဆိုကြခြင်းဖြစ်ကြောင်း၊ ကျန်အဖွဲ့များ ပြောဆိုကြခြင်း မရှိကြောင်း၊ ထိုပြောဆိုမှုများသည် ၎င်းတို့၏ သဘောထားပင်ဖြစ်ကြောင်း၊ မိမိတို့သဘောထား မဟုတ်ကြောင်း၊ ယင်းသို့ပြောသည့်အဖွဲ့ထဲတွင်ပင် အစိုးရနှင့်ဆွေးနွေးလိုသည့် အဖွဲ့များရှိကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်လိုသည့် အဖွဲ့များရှိကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင်၊ NCA လမ်းကြောင်းနှင့် ပတ်သက်လျှင် တပ်မတော်အနေဖြင့် အမြဲတမ်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းစု၊ အများစုကိုကြည့်၍ဆောင်ရွက်ရကြောင်း၊ ၁၀ ဖွဲ့ရှိသည့်အထဲတွင် NCA လက်မှတ်ရေးထိုးပြီး လာမဆွေးနွေးသည်မှာ ၃ ဖွဲ့သာရှိကြောင်း၊ ယင်း ၃ ဖွဲ့အနေဖြင့်လည်း ဆက်ဆံရေးလုပ်နေတာတွေရှိကြောင်း၊ တစ်ဖက်ကလည်းယခုကဲ့သို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရကြောင်း၊   တစ်ဖက်ကလည်း မိမိတို့အနေဖြင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ထိခိုက်မည် ဆိုပါက လုံခြုံရေးအရ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် အနေဖြင့် ဆောင်ရွက်ရမည့် လုံခြုံရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

NP News Agency မှ ဦးကျော်မျိုးမင်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး သမိုင်းကိုပြန်ကြည့်မည်ဆိုပါက ဦးနုအစိုးရ၊ ဦးနေဝင်းအစိုးရ၊ ဦးသန်းရွှေအစိုးရ စသဖြင့်အစိုးရများ ပေါ်ပေါက်ခဲ့ကြောင်း၊ အစိုးရအလိုက် မှတ်တမ်းသမိုင်းများ ရေးခဲ့ကြောင်း၊ မှတ်ကျောက်အတင်ခံခဲ့ရကြောင်း၊ စာအုပ်စာတမ်းများလည်း မျိုးစုံရေး၍ ထုတ်ဝေခဲ့ကြကြောင်း၊ မိမိအနေဖြင့် စဉ်းစားမိသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိတာဝန်ယူမှုသည် တိုင်းပြည်၏အရေးကြီးသည့် အကြီးမားဆုံးပြောင်းလဲမှုတွင် ပါဝင်သည်ဟု  ပြော၍ရကြောင်း၊ ထိုအပြောင်းအလဲကြီးကို  တာဝန်ယူရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နောင်လာမည့် နှစ်ပေါင်းများစွာတွင် တင်ကျန်ခဲ့မည့်သမိုင်းက မည်သို့သော သမိုင်းမျိုးဖြစ်လိုသည် မည်သို့ မှတ်ကျောက်တင်ခံလိုသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ကျောက်နှင့်ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆို ထားသည်ရှိ၍  မိမိအနေဖြင့်မပြောလိုကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့သည့် ဘုရင်ခံ၏ အကြံပေးကောင်စီပါ ထည့်တွက်လျှင် အစိုးရခြောက်ခု သို့မဟုတ် ခုနစ်ခုရှိကြောင်း၊ လွတ်လပ်ရပြီး ဆိုလျှင်ငါးခု၊ ခြောက်ခုရှိကြောင်း၊ ဦးနု၏ပါလီမန်ဒီမိုကရေစီအစိုးရ၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရ၊ ပါတီစုံဒီမိုကရေစီအစိုးရ၊ ယခုအစိုးရရှိမည်ဖြစ်ကြောင်း၊ အမျိုးမျိုးသောသုံးသပ်ချက်၊ ဝေဖန်ချက်များကတော့ ရှိနေမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်သည်ဆိုသည်မှာ ကိုယ့်အမြင်နှင့်ကိုယ်သာတင်ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒုက္ခနှစ်မျိုးရှိကြောင်း၊ နဂိုဒုက္ခနှင့်အပိုဒုက္ခဟူ၍နှစ်မျိုးရှိကြောင်း၊ နဂိုဒုက္ခဆိုသည်မှာ မြန်မာနိုင်ငံ  လွတ်လပ်ရေးရမည်ဆိုကတည်းက  သူပုန်ကပေါ်ပေါက်နေပြီးဖြစ်ကြောင်း၊   ကိုယ့်အစိုးရနှင့် ကိုယ်မဟုတ်သေးခင်မှာပင် မြန်မာနိုင်ငံအစိုးရဖြစ်လာလျှင် တော်လှန်မည့်သူပုန်ပေါ်နေပြီးဖြစ်ကြောင်း၊ ထိုအချိန်ကတည်းက အနောက်ဘက်တွင် မူဂျာဟစ်သူပုန်များပေါ်ပေါက်နေကြောင်း၊  အလံနီကွန်မြူနစ်များ ပေါ်ပေါက်နေကြပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးမကြာခင်  မတ်လခန့်တွင် ဗကပများတောခို သွားပါကြောင်း၊  သိပ်မကြာခင် KNDO အဖွဲ့တောခိုခဲ့ပါကြောင်း၊ လွတ်လပ်ရေးရရှိပြီး   နဂိုဒုက္ခတွေ ဖြစ်ပါကြောင်း၊ ကောင်းခြင်းဆိုးခြင်း မဝေဖန်လိုကြောင်း၊ အပိုဒုက္ခကိုဥပမာပြုရလျှင် ဦးနုမှ နိုင်ငံတော် ဘာသာအဖြစ် ဗုဒ္ဓဘာသာကို ကြေညာလိုက်သည့်အခါ KIA အဖွဲ့ ပေါ်ပေါက်လာပါကြောင်း၊ ၂၀၁၀-၂၀၁၅  NCA လက်မှတ်ရေးထိုးခါနီးအချိန်တွင် NCA စာချုပ်သည် အစိုးရကရေးဆွဲထားခြင်းမဟုတ်ဘဲ EAOs အဖွဲ့များက ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုးမည့်အဖွဲ့ အများကြီးရှိကြောင်း၊  နဂိုဒုက္ခမငြိမ်းသည့်အတွက် သောင်းကျန်းမှုမျိုးစုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တစ်ခုခုဖြစ်လာတိုင်းသာ တောခိုကြ ခြင်းရှိပါကြောင်း၊ ထိုမှကြီးထွားလာပြီး သောင်းကျန်းမှုများပေါ်ပေါက်လာကြောင်း၊ မိမိအနေဖြင့် EAOs နှင့်ပတ်သက်ပြီး အပြစ်ပြောကြားနေခြင်း မဟုတ်ပါကြောင်း၊ တိုင်းရင်းသား အခွင့်အရေးကို လေးစားပါကြောင်း၊ နည်းမှန်လမ်းမှန်နိုင်ငံရေးအရ ဖြေရှင်းတာပိုပြီး ကောင်းပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှုက အမြဲတမ်းနောက်ကျပြီး နိုင်ငံရေးတည်ငြိမ်မှု၊ လုံခြုံရေး အရတည်ငြိမ်မှု နောက်ကျပါကြောင်း၊ နိုင်ငံတော် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ပါကြောင်း၊အချို့ EAOs များနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ တချို့ EAOs များအသွင်ပြောင်းသွားပါကြောင်း၊ သို့သော် NCA ကဲ့သို့အဖွဲ့ စုံစုံလင်လင် လက်မှတ်ရေးထိုးနိုင်မှုမရှိပါကြောင်း၊ NCA လက်မှတ်ထိုးခါနီးအချိန်တွင် ပုဂ္ဂိုလ်တစ်ဦးက NCA လက်မှတ်ရေးထိုးရန်စဉ်းစားပါဦးဟု ပြောခဲ့ကြောင်း၊ တကယ်လက်မှတ်ရေးထိုးမည့် အဖွဲ့၊ တကယ်ဦးဆောင်ဆွေးနွေးခဲ့သည့်အဖွဲ့များ အများကြီးရှိပါကြောင်း၊ ဥပမာ KIA လိုအဖွဲ့မျိုးဖြစ်ကြောင်း၊ ၎င်းတို့ဆီသွားရောက်ပြီး NCA လက်မှတ်ရေးထိုးရန်အတွက် ညီလာခံတစ်ခုလုပ်ခဲ့ပါကြောင်း၊ သို့သော် ယင်းပုဂ္ဂိုလ် ထိုသို့ပြောပြီးနောက် လက်မှတ်မထိုးကြတော့ကြောင်း၊ တစ်ခါတလေတွင် နဂိုဒုက္ခကို မငြိမ်းနိုင်တဲ့အပြင် မူဝါဒမှားလျှင်  အပိုဒုက္ခပါဖြစ်သေးပါကြောင်း၊ မှတ်ကျောက်တင်တယ် ဆိုသည့်အထဲတွင် ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်းရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အတင်ခံလိုသည့် မှတ်ကျောက်မဟုတ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကတာဝန်မှာ အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်၊ ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးရည်မှန်းချက်သည်  စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်ဖြစ်ပါကြောင်း၊ ထိုနှစ်ခုလုံးကိုလုပ်နိုင် ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အဓိကတာဝန်သည် အထွေထွေ ရွေးကောက်ပွဲကျင်းပပေးရန် ဖြစ်ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက် လာပြီး မိမိတို့၏စံသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏နောက်ဆုံးအချက်တွင် ပါပြီးဖြစ်ကြောင်း၊ အကျဉ်းချုပ်ပြောရလျှင် လူတိုင်း၊ မဲဆန္ဒရှင်တိုင်း၏ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်၊ နည်းလမ်းမှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရန်၊ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်ပေးနိုင်စေရန် ရည်ရွယ်ထားကြောင်း၊ နောက်ဆုံးရည်မှန်းချက်က  ရွေးကောက်ပွဲကို အများပြည်သူပါဝင်နိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ပြည့်ပြည့်စုံစုံမဲပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မဲပေးသည့် အခါတွင်လည်း အကြောက်တရားကင်းကင်းဖြင့် မဲပေးနိုင်စေရန်၊ ဖိအားမရှိဘဲ   မဲပေးနိုင်စေရန်၊ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တရားမျှတမှုရှိသော နည်းလမ်းမှန်ကန်မှုရှိသည့် ရွေးကောက်ပွဲမျိုးဖြစ်အောင် လုပ်ပေးမည် ဖြစ်ပါကြောင်း၊ ထို့နောက် ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံ့တာဝန်လွှဲပြောင်းပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

Eleven Media မှ ဦးအောင်မင်းသိန်းက လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီးလွန်ခဲ့သည့်သတင်းပတ်က နေပြည်တော်နားက သံတောင်ဘို့မ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရပါကြောင်း၊ တစ်ဖက်အဖွဲ့စည်းများကလည်း မီဒီယာအချို့တွင် နေပြည်တော်သို့လမ်းများဆီဆိုပြီး နေပြည်တော်ကို တိုက်ပွဲများဖော်ဆောင်မည်ဆိုပြီး ပြောနေခြင်းမျိုးတွေ့ရပါကြောင်း၊ မကြာမီရက်ပိုင်း အတွင်းကလည်း ရန်ကုန်-မန္တလေးရထားလမ်း၊  ပဲခူးလမ်းပိုင်းတွင် ကုန်ရထားတစ်စီး ဖောက်ခွဲခံရသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းအခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်သို့ပြောလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်သို့ လမ်းများဆီဆိုသည်မှာမှန်ပါကြောင်း၊ ယခုမြင်သည့်အတိုင်း ဘုရားကြီးဆီကို အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်နေကြသည်မှာ တကယ်မှန်ပါကြောင်း၊ တော်တော်လာကြပါကြောင်း၊ ကယားပြည်နယ်ဘက်ကလည်းလာတာတွေ့ရကြောင်း၊ တနင်္သာရီတိုင်းက လာသည်ကိုလည်းတွေ့ရကြောင်း၊ နေပြည်တော်သို့လမ်းများ ဆီဆိုသည့်အချက်မှာ မှန်ပါကြောင်း၊ နေပြည်တော်နားတစ်ဝိုက် သံတောင်ဘို့မ၌ တိုက်ပွဲဖြစ်ခဲ့ပါကြောင်း၊ နေပြည်တော်နှင့်ဆိုလျှင် အတော်ဝေးပါကြောင်း၊ နေပြည်တော်၏အရှေ့တောင်ဘက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် ဆက်စပ်နယ်မြေဖြစ်ပါကြောင်း၊ ကယားပြည်နယ်ဘက်က PDF အကြမ်းဖက်အဖွဲ့ဟု မိမိတို့မြင်ပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး လုံခြုံမှုရှိအောင်  ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးရထားလမ်း ဖြစ်စဉ်လည်းမှန်ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်-မန္တလေးရထားလမ်း ကညွတ်ကွင်းဘူတာအနီး မိုင်းဆွဲခံရသည့် ဖြစ်စဉ်ဖြစ်ခဲ့ပါကြောင်း၊ KNU အနေနှင့်တစ်ဖက်တွင် စစ်ရေးအရ ဖိအားများလာသည့်အချိန်တွင် မြေပြန့်ကို  ဆင်းပြီး ယခင်ကလည်းရထားလမ်းကို မိုင်းထောင် မိုင်းခွဲလုပ်ပါကြောင်း၊ NUG နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟု မြင်ပါကြောင်း၊ ရထားလမ်းနှင့် ပတ်သက်ပြီး တချို့နေရာများတွင် စစ်တောင်းမြစ်နှင့်ကပ်သွားသည့်ဘက်မှာ လုံခြုံရေးအရတော့ တော်တော်

လေးဂရုစိုက်ရပါကြောင်း၊ ရထားလမ်းနှင့်ပတ်သက်ပြီး ၁၈ ရက်နေ့က ဖြစ်ခဲ့ပါကြောင်း၊ ယခုတော့ ရထားလမ်းကို ယာယီသံလမ်းခင်းပြီးဖြစ်ပါကြောင်း၊ ကုန်ရထားတွဲဆိုင်းများ စမ်းသပ်မောင်းနှင်ပြီး ဖြစ်ပါကြောင်း၊ ၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပြီး အများပြည်သူခရီးသွားများ ရထားလမ်း၊ ကားလမ်းများကို လုပ်ခြင်းသည် အကြမ်းဖက်လုပ်ရပ် စစ်စစ်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့နှင့် ဘာမှမဆိုင်ပါကြောင်း၊ အစိုးရကို ထိခိုက်စရာမဟုတ်ဘဲ ပြည်သူလူထုကို ထိခိုက်စေခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်မျိုးကိုလည်း ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတားဆီးကြရန်၊သတင်းပေးကြရန်လိုအပ်သည် ဟုမေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။

Sankei Shimbun သတင်းဌာနမှ ဒေါက်တာဇော်သန်းက မိမိအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းနှစ်ခုရှိပါကြောင်း၊ အစောပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောသွားသည့်အထဲတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာ တော်တော်များများကို ရှင်းလင်းဖော်ပြသွားသည်ကိုလည်း တွေ့ရပါကြောင်း၊ မိမိ၏ ပထမမေးခွန်းအနေဖြင့် အနာဂတ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လုံခြုံရေးအရ ပြည်သူလူထုကြားတွင် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိ ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ဒုတိယမေးခွန်းအနေဖြင့် ဒေါ်လာဈေးနှင့်ရွှေဈေးကို ထိန်းချုပ်နိုင်ရန်အတွက် Task Force ဖွဲ့စည်းထား သည်ဟုသိရှိရပါကြောင်း၊ ထိုအဖွဲ့၏ဆောင်ရွက်မှုများကို သိရှိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိအနေဖြင့် သတင်းထောက်ကြီး မေးမြန်းသည့် မေးခွန်းနှစ်ခုအနက် ပထမမေးခွန်းကို ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း၊ ဒုတိယမေးခွန်းကိုမူ ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်မှ ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီကို တင်ပြရာတွင် Option နှစ်ခုကိုတင်ပြခဲ့ကြောင်း၊ ပထမအချက်မှာ လတ်တလောတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိသေးသည့်အတွက် အချို့သောနေရာများတွင် မတည်ငြိမ်မှုများ ရှိနေသေးကြောင်း၊ ထိုနေရာများကိုချန်လှပ်၍ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ရွေးကောက်ပွဲကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် မိမိတို့လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်သည့် အခင်းအကျင်းများ ရှိသည်ဟု မိမိတို့ပြောခဲ့ကြောင်း၊ အကျိုးအပြစ်များကို လည်း မိမိတို့ပြောခဲ့ကြောင်း၊ ရွေးကောက်ပွဲများကို ပြန်ကြည့်ပါက ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်ရှိကြောင်း၊  ယခင်က ရွေးကောက်ပွဲကို မြို့နယ် ၃၃၀ မြို့နယ်တွင် လုပ်ခဲ့ကြောင်း၊ ထို့နောက် ၃၂၅ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်ဟူ၍ အသီးသီးကျင်းပ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကဲ့သို ၃၁၅ မြို့နယ်တွင် ဆောင်ရွက်ခဲ့သော်လည်း အချို့သောတိုင်းရင်းသားများ၏ ဒေသများတွင် မလုပ်ပေးနိုင်သဖြင့် တိုင်းရင်းသားများက ပြောဆိုခဲ့သည့်ကိစ္စများရှိခဲ့ကြောင်း၊ ယခုကဲ့သို့သော အချိန်တွင် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးမည်ဆိုပါက ထို ၃၁၅ မြို့နယ်ထက်လျော့နည်း သွားနိုင်ကြောင်း၊ အဓိကအားဖြင့် တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးဆုံးရှုံးသွားနိုင်ကြောင်း၊ ထို့ကြောင့် စဉ်းစားသင့်သည်ဟုပြောခဲ့ကြောင်း၊ ဒုတိယအချက်ဖြစ်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲမဖြစ်မနေကျင်းပမည်ဆိုပါက ရွေးကောက်ပွဲကာလအတွင်း ခြိမ်းခြောက်မှုများနှင့် ဗုံးဖောက်ခွဲ၍ နှောင့်ယှက်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ရာ၌ပင် အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရကြောင်း၊ အလားတူ ကြိုတင်သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း အကြမ်းဖက်မှုများနှင့်ကြုံတွေ့ခဲ့ရသည်ကို တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မိမိတို့၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် ပထမအချက်တွင် ပါဝင်သည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် လုံခြုံရေးနှင့်ပတ်သက်၍ဖြစ်စေ၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဖြစ်စေအလေးထားဆောင်ရွက်မည်ဟု  ဆိုသည့်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်ပါက ကျန်ရှိသည့်အချိန်များတွင် တိုးမြှင့်၍ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်ရန်အတွက် လုံခြုံရေးကိုဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့် အခင်းအကျင်းများ ဖြစ်သည့်မဲစာရင်းမှန်ကန်နိုင်ရေး အခင်းအကျင်းများနှင့် နည်းဥပဒေလုပ်ထုံးလုပ်နည်း မှန်ကန်နိုင်ရေး အခင်းအကျင်းများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ဖြည့်စွက်ဖြေကြားရာတွင် မိမိအနေဖြင့် သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းနှစ်ခုအနက် ဒုတိယမေးခွန်းကို  ဖြေကြားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ရွှေဈေးနှုန်းနှင့် ငွေကြေးဈေးနှုန်းများ မြင့်တက်လာသည့်အချိန်မှသာ ထိုကိစ္စနှင့်ပတ်သက်သည့် အသင်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ ယခင်ကတည်းကပင် ထိုကိစ္စများနှင့်ပတ်သက်သည့်အခြေအနေကို ပုံမှန်ထိန်းကျောင်းလျက်ရှိသည်ဟု ဦးစွာပြောလိုကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုမိမိတို့ပြောသည့် လုပ်ငန်းကော်မတီကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ကတည်းကပင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဟူ၍ရှိကြောင်း၊ ထိုကော်မတီ၏ အောက်တွင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး လုပ်ငန်းကော်မတီနှင့် ရွှေနှင့် ငွေကြေး ဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီဟူ၍ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ ထိုလုပ်ငန်းကော်မတီများ၏ အောက်တွင်လည်း ဆပ်ကော်မတီများအနေဖြင့် ရွှေဈေးကွက်စောင့် ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီ၊ ငွေကြေးဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီနှင့် ငွေပေး ချေမှုများတွင် ဘဏ်စနစ်အသုံးပြုမှုစိစစ်ကြပ်မတ်ရေး ဆပ်ကော်မတီဟူ၍ ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကော်မတီများတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ်ပါဝင်ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကလည်း ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ပြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်

မြန်ဆန်ရေးလုပ်ငန်းကော်မတီ၏ တွဲဖက်အတွင်းရေးမှူးကလည်း ထိုအဖွဲ့တွင် အတွင်းရေးမှူးအနေဖြင့် ပါဝင်ဆောင်ရွက် နေသည်ဟုပြောလိုကြောင်း၊ ထိုကော်မတီအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိဌာနများ နှင့်သာမက  UMFCCI ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းစသည့်အသင်း အဖွဲ့များနှင့်ပါပေါင်းစပ်၍ဆ ောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ငွေကြေး ဈေးကွက်နှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကောက်ယူခြင်း၊ လိုအပ်သည်များနှင့်ပတ်သက်၍ စီမံ၍စောင့်ကြည့်ခြင်း၊ လိုအပ်သည့်အချက်အလက်များချပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးဈေးကွက်ကို ထိန်းသိမ်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Online Trading ဆောင်ရွက်နေသည်ဟုဆိုသည့် အပိုင်းဖြစ်ကြောင်း၊ သေချာပေါက်ပြောလိုသည်မှာ မိမိတို့အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ငွေကြေးဈေးကွက်တွင် တရားဝင်အဓိကဈေးကွက်ကြီးရှိပြီး ထိုဈေးကွက်၏ပြင်ပတွင် တရားမဝင်မှောင်ခိုဈေးကွက်ရှိကြောင်း၊   တရားဝင်ဈေးကွက်တွင် သင့်တင့်မျှတသည့် ဈေးနှုန်း၊ မှန်ကန်သည့် ဈေးနှုန်းတစ်ခုကို ဖော်ဆောင်မည်ဖြစ်ပြီး ဈေးကွက်ပမာဏအနေဖြင့်လည်း ကြီးမားသည့်ဈေးကွက်ပမာဏရှိသည့် ဈေးကွက် ဖြစ်ကြောင်း၊ ထိုဈေးကွက်ကြီး မပျက်စီးစေရန် မိမိတို့အနေဖြင့် Online Trading ဟုဆိုသည့်ဈေးကွက်ဖြင့် ထိန်းလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုဈေးကွက်မှာ မိမိအစောပိုင်းကပြောသကဲ့သို့ ကြီးမားသည့်ဈေးကွက်ကြီး ဖြစ်သဖြင့် Exporter များ၊ Importer များနှင့်ပတ်သက်၍ ထိန်းညှိ၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုအွန်လိုင်း ဈေးကွက်မှာ မည်သည့် အခြေအနေအထိ အာမခံ၍ရသည်ကို ပြောရမည် ဆိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပြောသွားသကဲ့သို့ FESC နှင့်ပတ်သက်သည့် Import လိုင်စင်များနှင့် Export လိုင်စင်များ ထုတ်ပေးထားကြောင်း၊ FESC မှ ထုတ်ပေးထားသည့် Import လိုင်စင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ Trade Policy အရ ထုတ်ပြန်ထားသည့်လိုင်စင်များဖြင့် နိုင်ငံခြားငွေပေးချေမှုအားလုံးနှင့် ပတ်သက်သည့်ကိစ္စအားလုံးကို Online Trading တွင် ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ဈေးကွက်ပေါ်တွင် ရှိနေသည့် ဈေးမှာ Market ဈေးဟုပြောလိုခြင်းဖြစ်ကြောင်း၊ ကျန်သည့် တရားမဝင်ဈေးကွက်မှ ငွေအားလုံးမည်သည့်နေရာတွင် ရှိနေမည်ဆိုသည်ကို သတင်းထောက်ကြီးအနေဖြင့်လည်း ယခုလောက်ဆိုလျှင်ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ တရားဝင်ဈေးနှုန်းအပေါ် တွင်မူတည်၍ FESC ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများက ချပေးထားသည့် နိုင်ငံခြားငွေလွှဲပြောင်းမှုအားလုံးမှာ မိမိတို့ပေးနိုင်သည့် အနေအထားရှိကြောင်း၊ အွန်လိုင်းဈေးကွက်အပေါ်တွင် မိမိတို့အနေဖြင့် တချို့အရာများကို ထိန်းညှိ ပေးထားကြောင်း၊ ဈေးကွက်ကမောက်ကမ မဖြစ်စေရန်အတွက် ထိန်းညှိပေးထားခြင်းဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ၎င်းတို့ပေးချေရမည့် သတ်မှတ်အချိန် မတိုင်မီအားလုံးရရှိနိုင်မည်ဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကို ဆွဲတင်ရန်မရှိဟု ပြောလိုကြောင်း၊ Exporter များ နိုင်ငံခြားငွေ ရသည်ဟု ပြောကြပါကြောင်း၊ အရှေ့ပိုင်းတွင် ဒုတိယဝန်ကြီးများပြောသွားသကဲ့သို့ ယခင်က ၆၅/၃၅ရှိကြောင်း၊ မနှစ်က ယခုလိုအချိန်တွင် ယခုကဲ့သို့ပင် အများကြီးတက်ပါကြောင်း၊ အချက်အလက်များကို ပြန်ကြည့်လျှင်သိမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ ယခင်မိမိမတိုင်မီတွင် ရှိနေခဲ့သည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ လက်ထက်ကပင် ယခုလိုပင် ထိန်းကျောင်းနေခဲ့ကြောင်း၊ ထိုအချိန်က မိမိတို့အနေဖြင့် ၆၅/၃၅ သတ်မှတ်ခဲ့ကြောင်း၊ ထိုအချိန်က ဆန်၊ ပဲ၊ ပြောင်းအပါအဝင် နထစသမအနမ များ အားလုံးရရှိသည့် ပမာဏကို အမှန် တကယ်သာ တွက်ကြည့်မည်ဆိုပါက ၆၅/၃၅ ဖြစ်သည့်အတွက် ၆၅ က ၂၁၀၀၊ ၃၅က ထိုအချိန်တွင် ၂၈၅၀  ရှိကြောင်း၊ ထိုအချိန်ကို ပြန်ကြည့်မည်ဆိုပါက ၎င်းတို့၏ တန်ဖိုး(Average Rate)မှာ ၂၄၀၀ ပတ်ဝန်းကျင်တွင်သာရှိကြောင်း၊ ၆၅/၃၅ ကို FESC က သတ်မှတ်ခြင်းမှာ Exporter များ အားလုံးက ထိုအရာနှင့်ပတ်သက်၍ ရှုံးလို့မရသည့်အတွက် အားလုံးနှင့်တွက်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း၊ FESC က သတ်မှတ်သည့် ဈေးနှုန်းအပေါ်မူတည်၍ မိမိတို့ဗဟိုဘဏ်က လိုအပ်သည့်ကိစ္စများ ကိုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ရာတွင်လည်း အကြောင်းမဲ့ သတ်မှတ်ခြင်းမဟုတ်ဟု ပြောလိုကြောင်း၊ ကုန်ဈေးနှုန်းမတက်စေရန်အတွက် အဓိကထိန်းကျောင်းရသည့်အရာမှာ စက်သုံးဆီဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့ အနေဖြင့် စက်သုံးဆီဈေးနှုန်းမတက်စေရန်လုပ်ဆောင်ရကြောင်း၊ ကုန်ဈေးနှုန်း မတက်ရန်အတွက် ထိန်းကျောင်းနေသည့် အချိန်မှာ အဓိကအများဆုံး ပါဝင်နေသည်မှာ စက်သုံးဆီပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ ကုန်ဈေးနှုန်း မတက်ရန်မိမိတို့က ဆောင်ရွက်ကြောင်း၊ ထိုအချိန်၌ နိုင်ငံတကာ၏ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လျက်ရှိသည့် အခြေအနေကြောင့် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း အခြေအနေအများကြီး မြင့်တက်မသွားရန် မိမိတို့က ဒီဇယ်ဆိုလျှင်၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နှင့်ရောင်းကြောင်း၊ ကျန်သည့် ၅၀ ရာခိုင်နှုန်းကို Market မှရောင်း၍ ၂၈၅၀ ကျပ်နှင့်ရှိနေကြောင်း၊ ၎င်းတို့ရသည့် ကုန်ကျစရိတ်မှာ ၂၄၅၀ ကျပ် ဝန်းကျင် ဖြစ်ကြောင်းကို မိမိအနေနှင့် ထောက်ပြလိုကြောင်း၊ ထိုအချိန်မှစ၍ သြဂုတ်လ နောက်ပိုင်းတွင် စက်သုံးဆီအားလုံးကို ပြည်ပမှထွက်ဝယ်သည့် အတွက်ကြောင့် အားလုံးဈေးတွေ အရမ်းတက်ကြောင်း၊ ထို့ကြောင့် အပြင်ဘက်မှာ စက်သုံးဆီများကို ထွက်မဝယ်ခိုင်းဘဲ ဗဟိုဘဏ်ကနေ Franchising ပေးခြင်းများ၊ တချို့ကို ရောင်းချပေးခြင်းများကို လုပ်လိုက်သည့်အချိန်တွင် ကုန်ဈေးနှုန်းမည်မျှ တည်ငြိမ်ခဲ့သည်ကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ ထိုအချိန် တွင် ၆၅၊ ၃၅ မှ ၅၀၊ ၅၀ သို့ဖြေလျှော့ပေးမှုမစခင် ဈေးနှုန်းမှာ ၂၇၀၀ ကျပ်ထိကျခဲ့ကြောင်း၊ ယင်းအပေါ်မှာ ဈေးကစားလာသည့်သူများ ရှိလာသည့်အတွက်ကြောင့် ပြန်တက်လာသည့်ဈေးနှုန်း မှာ ၂၈၅၀ ကျပ် ဖြစ်သွားသည်ကို တွေ့ရကြောင်း၊ ထိုအချိန်တွင် မျှခြေဖြစ်သွားသည့် အတွက် ၂၈၅၀ ဝန်းကျင်တွင် အကြာကြီးဖြစ်နေကြောင်း၊ ၅၀၊ ၅၀ ပေးမည့်အချိန် မတိုင်ခင်က မိမိတို့မသိသေးသော်လည်း အပြင်၌ ကောလာဟလများထွက်နေကြောင်း၊ ထိုအချိန်၌ မိမိတို့ကော်မတီကဈေးနှုန်းနှင့် ပမာဏများကို သုံးသပ်နေကြောင်း၊ အားလုံးကိုခြုံကြည့်ပြီး ၅၀၊ ၅၀ ပေးလိုက်

သည့်အခါ ဖြစ်ရမည့်ဈေးနှုန်း Fair Price ၂၇၀၀ ရသည့်အချိန်တွင် Exporter တွေက ၂၀၅၀ ရသွားမည်ဖြစ် ကြောင်း၊ သို့သော် ၂၇၀၀ ဖြစ်သွားမည် စိုးသည့်အတွက် ထိုဈေးနှုန်းကို ထိုအချိန်ကတည်းက စပြီးဆွဲတင်လိုက်သည်ကို သတိပြုစေလိုသည့်အတွက် ပြောခြင်းဖြစ်ကြောင်း၊ ငွေကြေးဈေးကွက်နှင့် ပတ်သက်၍ ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၁၀၀ ကျပ်ဖြစ်ကြောင်း၊ Exporter နှင့် Importer ဖြစ်သည့် စက်သုံးဆီသမားများ အပေါ် မူတည်၍ ၂၁၀၀ ဈေးနှင့်မိမိတို့ လုပ်ထားကြောင်း၊ ပျမ်းမျှသည် ြမေုနအ ဈေးဖြစ်ပြီး Market ဈေးအရ ပြန်ပြီးတွက်ရခြင်းဖြစ်သည့်အတွက်ကြောင့် Markets ဈေးသည် ၂၉၀၀ဖြစ်ကြောင်း၊ အများဆုံး ၂၉၂၀ နှင့် ၂၉၂၂ အတွင်းဖြစ်ရန် မိမိတို့ ထိန်းညှိပြီး ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဒီဈေးက အနီးစပ်ဆုံးဖြစ်သည်ကို ငွေဈေးကွက်နှင့် ပတ်သက်ပြီး ပြောလိုကြောင်း၊ ရွှေဈေးကွက်နှင့်ပတ်သက်၍ ရွှေဈေး ကွက်ကလည်း အရင်ကငွေကြေးဈေးကွက် နှင့်အတူ တက်နေသည့် အနေအထား တွေ့ရကြောင်း၊ ထိုအချိန်တွင် မိမိတို့က ရွှေနှင့်ပတ်သက်၍လေ့လာပြီး ဆွေးနွေး သည့်အခါ တွေ့ရသည်က ရွှေကိုမိရိုးဖလာဈေးနှင့်လုပ်ခဲ့ကြသည့် အတွက်ကြောင့် ထိုရွှေနှင့်ပတ်သက်၍ တွက်သည့်တွက်ချက်နည်းကို မိမိတို့ ကြည့်ပါကြောင်း၊ ထိုရွှေရဲ့ One Tray Ounce မှာရှိနေသည့် နိုင်ငံတကာဈေးနှုန်းကနေမှ ဒေါ်လာဈေးနှုန်းကို သွားပါကြောင်း၊ ထို One Tray Ounce မှာရှိနေသည့် ဈေးနှုန်းကို မြန်မာနိုင်ငံမှာရှိနေသည့် Market ဈေးနှုန်းနှင့် မြှောက်ပါကြောင်း၊ ထို့နောက် One Tray Ounce မှာရှိသည့် ကျပ်သားနှင့် စားပါကြောင်း၊ ထိုနေရာ၌ ပြဿနာတစ်ခုရှိကြောင်း၊ မိမိတို့အစိုးရက သက်မှတ်ထားသည့် Standard သည် One Tray Ounce နှင့်ပတ်သက်ပြီး ၁ ဒသမ ၉၀၄၇ ကျပ်သားရှိပါကြောင်း၊ သို့သော် ၎င်းတို့၏ မိရိုးဖလာဈေးနှုန်းအရတွက်လျှင် One Tray Ounce ကို ၁ ဒသမ ၈၇၅ နှင့်  စားပါကြောင်း၊ စာခြေကြီးသည့်ပေါ်မှာမူတည်၍ ဈေးနှုန်းကတွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့တွက်သည်ဟု ပြောသည့်အတွက်ကြောင့် မိမိတို့က ထိုနည်းအတိုင်းသာ ထိန်းကျောင်းပါကြောင်း၊ ကမ္ဘာ့ရွှေဈေးတက်လာသည့်အခါ မိမိတို့ ဒေါ်လာများသည် ၂၈၅၀ ပဲဖြစ်ကြောင်း၊ ကျန်သည့်ကုန်ဈေးနှုန်းပဲ တက်တက် ၂၈၅၀ ဝန်းကျင် ခန့်မှာပင် တစ်နှစ်နီးပါး ထိန်းထားသည့်အနေအထား နှင့်ပတ်သက်ပြီး ပြောလိုခြင်းဖြစ်ကြောင်း၊ ထိုအချိန်၌ မိရိုးဖလာဈေးနှင့်လုပ်ခဲ့သူများသည် ကမ္ဘာ့ရွှေဈေးပေါ် မှာမူတည်၍ လိုက်တက်ကြောင်း၊ ကမ္ဘာ့ရွှေဈေး ဥညန ွှမသပ ဥကညခန ၂၀၀၀ ကျော်လျှင်ထိုအတိုင်းတက်ကြောင်း၊ ကမ္ဘာ့ရွှေဈေး ရုတ်တရက်ကျသွားသည့်အချိန်တွင် ဒေါ်လာဈေးမကျကြောင်း၊ သို့သော် ၎င်းတို့၏ ရွှေဈေးကမကျသည့် အနေအထားကို မိမိတို့သွားတွေ့ရပါကြောင်း၊ ယခုကမ္ဘာ့ရွှေဈေးက ပြန်ကျသည့်အခါ၊ ပြန်ကျလာ မည့်အရိပ်အယောင် မြင်သည့်အခါ ရွှေနှင့်ငွေဆက်စပ်ပြီး ငွေဈေးကိုပါလိုက်တက် လာသည့်အနေအထားကိုတွေ့ရကြောင်း၊ ရွှေဈေး၊ ငွေဈေးတက်သည်နှင့်ပတ်သက်၍ အဓိကမှာ ကောလာဟလကြောင့်တက်သည့်အချက်များလည်း အများကြီးပါ သည်ကိုတွေ့ရကြောင်း၊ ယခု ကမ္ဘာ့ရွှေဈေးကြီးက ကျလာသည့်အချိန် ၎င်းင်းတို့က မိမိတို့ကို ပုံသေနည်းအတိုင်းသွားမည်ဟုပြောကြောင်း၊ ပုံမှန်ပုံသေနည်းအတိုင်း သွားမည်ဆိုလျှင်မြှောက်ရမည်မှာ ဒေါ်လာဈေးနှုန်းဖြစ်ကြောင်း၊ ထိုသို့မြှောက်ရမည့်အချိန်တွင် ဆွဲတင်ထားသည့် မှောင်ခိုဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းမြှောက်၍ မရကြောင်းကို Market ပေါက်ဈေးနှင့်ပတ်သက်ပြီး မိမိအတိအလင်း ပြောပြီးပြီဖြစ်ကြောင်း၊ အနီးစပ်ဆုံး One Trade ပေါ်ရှိ Market ပေါက် ဈေးကိုသာယူပါဟု ပြောလိုကြောင်း၊ ထို့ကြောင့် ၂၉၂၀ ဆိုလျှင်၂၉၂၀ ပဲယူစေလိုကြောင်း၊ ယနေ့ဆိုလျှင် ကမ္ဘာ့ရွှေဈေးသည် One Tray Ounce မှာ ၁၈၉၄ ဒသမ ၅၅ ရှိကြောင်း၊ မိမိတို့၏ Exchange Rate က ၂၉၂၀ ဖြစ်သည့်အတွက်ကြောင့်  ထိုပေါ်မှာမူတည်ပြီး များသည့် ၎င်းတို့၏ Standard နှင့်ပဲတွက်ကြည့်မည်ဆိုလျှင်၂၉၅၀၀၀၀ ထက်မကျော်သည်ဟု ပြောလိုကြောင်း၊ ထိုရွှေဈေးနှင့်ပတ်သက်၍ ယခုကဲ့သို့ ဈေးလျှော့ပေါ့ပြီးသွားနေသည့်အပေါ် မူတည်၍ အားလုံးသုံးသပ်ရန်လည်း ပြောလိုကြောင်း၊ ရွှေဆိုင်များနှင့် ပတ်သက်၍ မေးကြည့်သည့်အခါ ၎င်းတို့အနေနှင့် ထိုပေါ်လာသည့် ဈေးနှုန်းသည် ၎င်းတို့၏ ဈေးနှုန်းမဟုတ်ဘူးဟု ပြောကြောင်း၊ ထိုဈေးနှုန်းများ အားလုံးသည် Online ပေါ်မှာမူတည်ပြီးထွက်လာသည့် ဈေးနှုန်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေနှင့် ယင်းအပေါ်မူတည်ပြီး   မစိုးရိမ်ဘဲသင့်တင့်လျောက်ပတ်စွာ ဝယ်ခြင်း၊ ရောင်းခြင်းများကိုလုပ်ရန်ပြောလိုကြောင်းဖြေကြားသည်။

မြဝတီ