ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုမှ ငွေကျပ် သန်း ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

    ရန်ကုန်မြို့ရှိ ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာကာလအတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏    စတော့ရှယ်ယာရောင်းဝယ်မှုမှ   ငွေကျပ်  သန်း   ၂၀၀   ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း   ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

ထိုသို့   အရောင်းအဝယ်ဖြစ်ရာတွင် သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်တာ ကာလအတွင်း စတော့ရှယ်ယာ အစောင်ရေ ၇၇၄၇၆ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် သန်း ၂၃၀၆၁၄၃၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ    တစ်ပတ်တာ ကာလအတွင်း   အရောင်းအဝယ်ပြုလုပ်သော စာရင်းများမှာ First Myanmar Investment Public Co.,Ltd. (FMI)  သည် စတော့ရှယ်ယာအစောင်ရေ ၄၇၉၄ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ်    ၄၄၅၉၆၆၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Myanmar Thilawa SEZ Holdings Public Co.,Ltd. (MTSH) သည် စတော့ရှယ်ယာ အစောင်ရေ   ၃၄၀၅၃   စောင်မှ        စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၀၉၀၇၇၅၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Myanmar Citizens Bank Ltd.(MCB)သည် စတော့ရှယ်ယာ အစောင်ရေ ၅၁ စောင်မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၄၀၈၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

First Private Bank Ltd. (FPB)သည် စတော့ရှယ်ယာ အစောင်ရေ ၅၉၉၅ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၀၀၆၁၁၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

TMH Telecom Public Co.,Ltd.သည် စတော့ရှယ်ယာအစောင်ရေ ၂၃၁ စောင်မှ   စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၅၆၀၉၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Ever Flow River Group Public Co.,Ltd. (EFR) သည် စတော့ရှယ်ယာ အစောင်ရေ ၆၉၂၀ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၅၉၄၈၆၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Amata Holding Public Co.,Ltd.(AMATA)သည် စတော့ရှယ်ယာ အစောင်ရေ ၄၂ စောင်မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၂၀၂၃၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

Myanmar Agro Exchange Public Co.,Ltd. (MAEX)သည် စတော့ရှယ်ယာ အစောင်ရေ ၂၅၃၉၀ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ်     ၄၉၇၅၉၂၅၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။