ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ၏ အမည်စာရင်းကြေညာ

နေပြည်တော်  နိုဝင်ဘာ  ၁၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ရက်စွဲဖြင့် ကြေညာချက်အမှတ်(၂၅၃/၂၀၂၀၊ ၂၅၄/၂၀၂၀၊ ၂၅၅/၂၀၂၀၊ ၂၅၆/၂၀၂၀၊ ၂၅၇/၂၀၂၀၊ ၂၅၈/၂၀၂၀)တို့အား ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် များတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)နှင့်  တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉(ခ)တို့နှင့်အညီ ထုတ်ပြန် ကြေညာချက်များအရ အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံရသူများဖြစ်ကြောင်း သိရသည်-