သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးများ စတင်ဆွတ်ခူး

သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးများ စတင်ဆွတ်ခူး

    ကရင်ပြည်နယ် သံတောင်ကြီးဒေသ၌ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းအဖြစ် ဖာလာစိုက်ပျိုးခြင်း လုပ်ငန်းကို အဓိကစိုက်ပျိုး လုပ်ကိုင်ကြပြီး သြဂုတ်လ နောက်ဆုံးပတ်မှစတင်ကာ ဖာလာသီးများ စတင်ဆွတ်ခူးပြီ ဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးဒေသခံ ပြည်သူအများစုမှာ နှစ်ရှည်ပင်သီးနှံဖြစ်သည့် ဖာလာစိုက်ပျိုးခြင်း လုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ဖာလာပင်များ အောင်မြင်ဖြစ်ထွန်းကာ အသီးထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်များ ဖြစ်သော သန့်မော်နှင့်ကမိုဒေါ စသည့်ဖာလာမျိုးပင်များကို စိုက်ပျိုးကြသည်။

အဆိုပါဖာလာမျိုးပင်များကို မိုးတွင်းအချိန် ဇွန်လတွင်စိုက်ပျိုးပြီး သုံးနှစ်ခန့်တွင် အသီးများစတင်သီးကာ သြဂုတ်လနောက်ဆုံးပတ်မှ အောက်တိုဘာလအထိ ဆွတ်ခူးကြသည်။ ဖာလာသီးခြောက်များကို တောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် ဖာလာသီး အခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ်  ၁၃၀၀၀  ဖြင့် ဝယ်ယူကြကြောင်း   ဖာလာရောင်းဝယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ ဒေါ်နော်မိုခင်း ထံမှ သိရသည်။