ထိုင်းအစိုးရသစ်က နေထိုင်မှုစရိတ်ကိုလျှော့ချပြီး စီးပွားရေးကိုမြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်

ထိုင်းအစိုးရသစ်က နေထိုင်မှုစရိတ်ကိုလျှော့ချပြီး စီးပွားရေးကိုမြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်

ဘန်ကောက်၊ ပြည်တွင်းရေး

ထိုင်းအစိုးရသစ်က နိုင်ငံအတွင်းရှိပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်ကိုလျှော့ချပြီး စီးပွားရေးကို မြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ဆရတ်သာထာဝီဆင်၏ မူဝါဒ မိန့်ခွန်းမူကြမ်းတွင် တွေ့ရသည်။

အဆိုပါ ထောက်ပံ့မှုများတွင် နိုင်ငံသားတိုင်းကို ဘတ် ၁၀၀၀၀ စီပေးအပ်ခြင်း၊ အကြွေးပြန်ဆပ်ရမည့် ကာလများကို နောက်ဆုတ်ခြင်း၊ စွမ်းအင်ဈေးနှုန်းများကို လျှော့ချပေးခြင်းတို့ပါဝင်မည်ဟု အဆိုပါ မူကြမ်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ရာထူးသာမက ဘဏ္ဍာရေးဝန်ကြီး ရာထူးကိုပါရယူထားသည့် ဆရတ်သာထာဝီဆင်နှင့် အစိုးရအဖွဲ့သည် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးဖြစ်သည့်အပြင် အစိုးရအဖွဲ့လုပ်ငန်းများကို တရားဝင် မထမ်းဆောင်မီ စက်တင်ဘာ ၁၁ ရက်တွင် ဝန်ကြီးချုပ်က လွှတ်တော်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

“ယခုမူဝါဒအရ နိုင်ငံ့စီးပွားရေးကို ထောက်ပံ့မှုများပေးပြီး မြှင့်တင်သွားမှာဖြစ်တဲ့အတွက် လူတိုင်းစီ ထောက်ပံ့မှုရောက်ရှိပြီး အခွင့်အလမ်းအသစ်များ ဖန်တီးနိုင်စေမည်ဖြစ်ကာ အဲဒီကနေမှတစ်ဆင့် စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟုဝန်ကြီးချုပ်၏ မိန့်ခွန်းမူကြမ်းတွင် ဆက်လက် ဖော်ပြထားသည်။

ဆရတ်သာထာဝီဆင်၏ အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့် အခြေအနေကို ဆက်ခံခဲ့ရပြီး နိုင်ငံအနေဖြင့် ပို့ကုန်နည်းပါးခြင်း၊ ခရီးသွားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းတို့ကို ရင်ဆိုင်နေရသည်။

Ref: TST