မော်ရိုကို၌ အင်အားပြင်းငလျင်လှုပ် လူ ၈၂၀ ကျော် သေဆုံးပြီး ၆၇၀ ကျော် ဒဏ်ရာရ

မော်ရိုကို၌ အင်အားပြင်းငလျင်လှုပ် လူ ၈၂၀ ကျော် သေဆုံးပြီး ၆၇၀ ကျော် ဒဏ်ရာရ

 

မော်ရိုကိုနိုင်ငံ၌ စက်တင်ဘာ ၈ ရက်

    ညပိုင်းတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားရာ လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၈၂၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ပြင်းအား ၆ ဒသမ ၉ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူထောင်ပေါင်း များစွာမှာ လမ်းမများပေါ်သို့ ကြောက်လန့်တကြား   ထွက်ပြေးလာရပြီး ယခုအခါ ဒဏ်ရာရရှိသူ ၆၇၂ ဦးရှိသည်ဟု ပြည်တွင်းသတင်း ဌာနများက ဖော်ပြထားသည်။

ငလျင်၏ဗဟိုချက်သည် မာရာကက်မြို့မှ ၇၇ ကီလိုမီတာ အကွာတွင်ဖြစ်ပြီး ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၁ မိနစ်၌ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခြင်းဖြစ်သည်။

နောက်ဆက်တွဲ   ငလျင်များအဖြစ် ပြင်းအား   ၄  ဒသမ ၈ နှင့် ၃ ဒသမ ၄ ရစ်ချ်တာစကေးရှိ ငလျင်များ ထပ်မံလှုပ်ခတ်ကြောင်းနှင့် ပြိုကျသွားသည့်အိမ်များအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

မော်ရိုကိုနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် ပြင်းအား ၆ ဒသမ ၃ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရဖူးပြီး ထိုအချိန်က လူ ၆၀၀ ကျော် သေဆုံးကာ လူ ၉၀၀ ကျော်   ဒဏ်ရာရရှိကြောင်းသိရသည်။