ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၀

    ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲ အဖွင့်တေးသီးချင်းဖြစ်သည့် “အောင်လံလွှင့်ချီ ဧရာဝတီ” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုနှင့် ပြိုင်ပွဲဝင်အကအဖွဲ့များ၏ ယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။