၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ ၁၂

     ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်(ပင်လုံ)၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ/ဆရာမများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် အဖွဲ့ဝင်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။

    ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲအမျိုးအစားအလိုက်  ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ချီးမြှင့် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ကြသည်။

          အဆိုပါ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၇)မျိုးဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ပြိုင်ပွဲဝင် ၈၆ ဦးဖြင့် ယနေ့မှ စက်တင်ဘာ ၁၃ ရက်အထိ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။