ပူတင်နှင့်ဆွေးနွေးရန် ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ

ပူတင်နှင့်ဆွေးနွေးရန် ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ

မော်စကို၊ နိုင်ငံရေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ကင်ဂျုံအွန်လိုက်ပါလာသော သံချပ်ကာရထားသည် နှစ်နိုင်ငံနယ်စပ်တွင်ခေတ္တရပ်ပြီး ဆက်လက် ခရီးထွက်ခွာလာ ခြင်းဖြစ်ကြောင်းနှင့် နံနက်အစောပိုင်းတွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍မူ မည်သည့်နေရာတွင် တွေ့ဆုံသွားမည်ကို   သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောထားခြင်းမရှိပေ။

သို့သော် ဆွေးနွေးမှုကို နှစ်နိုင်ငံစလုံးမှကိုယ်စားလှယ်အဖွဲ့များသာမက တစ်ဦးချင်းအနေဖြင့်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲကိုမူ လုပ်ဆောင်မည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဆွေးနွေးမှုတွင် အထိအခိုက်မခံသော ကိစ္စရပ်အများအပြား ပါဝင်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် ဒေသတွင်းအရေးများလည်း ပါဝင်ကြောင်း သိရသည်။

Ref: RT