မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၅

      မွန်ပြည်နယ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

      ဦးစွာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက ပြိုင်ပွဲကျင်းပမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့်ကြသည်။

       ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဆုရရှိသည့် ပြိုင်ပွဲဝင်များ၏ ကပြဖျော်ဖြေ တင်ဆက်မှုများအား ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေ တင်ဆက်ကြသူများကို ဂုဏ်ပြု ပန်းခြင်း ပေးအပ်ကာ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်အား အောင်နိုင်ရေး အလံပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။