တစ်နာရီ ၁ ၅ မိုင်နှုန်းနဲ့ လူပျံတော်ဖြစ်စေမယ့်ဝတ်စုံ

လူပျံတော်ဝတ်စုံတွေဆိုတာ အရင်တုန်းကတော့ တကယ့်ကိုစိတ်ကူးယဉ်သက်သက်ပါ။ အခုတော့  စိတ်ကူး ယဉ်မဟုတ်တော့ဘဲ  တကယ်လက်တွေ့အခြေအနေကို  ရောက်ရှိလာပါပြီ။

ဒီလိုစိတ်ကူးတွေကို အကောင်အထည်ဖော်ပေးလိုက်တာက BMW ရယ်၊ Designworks ရယ်၊ ဝေဟင်စွန့်ဦး တီထွင်ကစားသမား ပီတာဆော့စမန်းတို့ပါပဲ။

ကျန်တဲ့သူတွေက ဝတ်စုံကိုတီထွင်ပြီး BMW ကတော့ အရှိန်မြင့်ပျံသန်းနိုင်စေမယ့် စက်ကို တီထွင်ပါတယ်။ ပြီးတဲ့အခါ သူတို့ကို ပေါင်းစပ်လိုက်ချိန်မှာတော့ တစ်နာရီ ၁၈၅ မိုင်နှုန်းနဲ့ပျံသန်းနိုင်စေမယ့် ပျံသန်းရေး ဝတ်စုံ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် သာမန်လူပျံတော်ဝတ်စုံက အလျားလိုက်ပျံသန်းမှုအမြန်နှုန်း တစ်နာရီကို ၆၂ မိုင်နှုန်းပဲ ပျံသန်းနိုင်မှာပါ။ အခု BMW ကဖန်တီးပေးထားတဲ့စက်ကတော့ ၁၅ ကီလိုဝပ်ကို ထုတ်လုပ်ပေးပါတယ်။ အဲဒီ ၁၅ ကီလိုဝပ်က ၇ ဒသမ ၅ ကီလိုဝပ်စီကွဲသွားပြီး ပန်ကာတစ်လုံးစီကို လည်ပတ်စေပါတယ်။ လည်ပတ် နှုန်းကလည်း တစ်မိနစ်ကို အပတ်ရေ ၂၅၀၀၀ နှုန်းရှိပါတယ်။

BMW ကထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာတော့ ဆော့စမန်းဟာ ရဟတ်ယာဉ်ပေါ်မှ ပေ ၉၈၀၀ အမြင့်ကနေ ခုန်ဆင်းလာပါ တယ်။ သူနဲ့အတူ နောက်ထပ် လေထီးခုန်သမားနှစ်ဦးပါပါတယ်။

ဆော့စမန်းက BMW ထုတ် လူပျံတော်ဝတ်စုံကိုဝတ်ဆင်ပြီး ကျန်နှစ်ဦးကတော့ သမားရိုးကျဝတ်စုံကိုပဲ ဝတ်ဆင်ထားပါတယ်။ သူတို့အားလုံးဟာ တောင်တစ်ခုစီဦးတည်သွားပြီးနောက် တောင်နဲ့နီးကပ်လာတဲ့ အချိန်မှာ ဆော့စမန်းက ပန်ကာကို ဖွင့်လိုက်ပြီး လိုသလိုပုံဖော်ကစားသွားပေမယ့် ကျန်သူနှစ်ဦးကတော့ တောင်ကိုရှောင်ကွင်းကာသာ ဆက်လက်ပျံသန်းသွား နိုင်တာကိုတွေ့ရပါတယ်။

ဒါကြောင့် အခုလူပျံတော်ဝတ်စုံဟာ အလွတ်ခုန်သမားများ၊ စွန့်စားလိုသူများ၊ လေပေါ်ပျံဝဲကစားလိုသူများ အတွက် အထူးကိုသင့်လျော်ကောင်းမွန်တဲ့ ဝတ်စုံလို့ ပြောနိုင်ပါတယ်။                           

နွေဦး